၂၁. ၃. ၂၀၂၄
Written by Hey Mar

မွေးကင်းစ ကလေးငယ်တစ်ဦးကို Hijet ယာဥ်ပေါ်မှာ စွန့်ပစ်ခဲ့တဲ့ဖြစ်စဥ် ဒီနေ့ မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းက တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် ကျိုက္ကဆံလမ်းပေါ် ညအိပ်ရပ်ထားတဲ့ Hijet အမျိုးအစား မော်တော်ယာဥ်ပေါ် မွေးကင်းစ မိန်းကလေးငယ်တစ်ဦး ချက်ကြိုးဖြတ် သွေးထွက်ဒဏ်ရာတွေနဲ့ စွန့်ပစ်ထားတာဖြစ်တယ်လို့ မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့ထံကနေ သိရပါတယ်။

အဆိုပါ ကလေးစွန့်ပစ်မှုကို သက်ဆိုင်ရာဌာနတွေဆီ အကြောင်းကြားပြီး ကလေးကို သျှင်ပါရဂူဆေးရုံသို့ဝင်ရောက်ပြသပေးရာ ကပ်လျှက်ဖြတ်ထားတဲ့ ချက်ကြိုးကနေ ပိုးဝင်နေတာကြောင့် ဆေးရုံက အရေးပေါ် ပြုစုကုသမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ကလေးငယ်ကို (အရှေ့ပိုင်းခရိုင် လူ/ကယ်ပြန်ဌာန)မှ တာဝန်ရှိသူတွေက ခေါ်ဆောင်သွားပြီး ရန်ကုန်ကလေးဆေးရုံအရေးပေါ်ဌာန(ဟယ်လ်ပင်)ဆီ မြန်မာမွတ်စလင်မ်ပရဟိတအသင်းယာဥ်နဲ့ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *