၁၆. ၃. ၂၀၂၄
Write & Photo Ye Kyaw

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၁၁ ရက်မှ စတင်ဖြေဆိုခဲ့ရာ ယနေ့တွင် သိပ္ပံ၊ ဝိပ္ပံနှင့် ဝိဇ္ဇာဘာသာတွဲ (၂) တို့ကို ဆက်လက်ဖြေဆိုသူ များပြားခဲ့ပြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၁၁ ရက်က စတင်ဖြေဆိုခဲ့ပြီး ယနေ့တွင် သိပ္ပံဘာသာတွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒဘာသာကိုလည်းကောင်း၊ ဝိပ္ပံနှင့် ဝိဇ္ဇာဘာသာအတွဲ(၂) နောက်ဆုံးနေ့အဖြစ် ဘောဂဗေဒဘာသာကိုလည်းကောင်း ဖြေဆိုခဲ့ကြခြင်းဖြစ်သည်။

အ.ထ.က (၆) ဗိုလ်တထောင် စာစစ်ဌာနတွင် အသက် ၆၂ နှစ်အရွယ်အမျိုးသားတစ်ဦး တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ပြီး ယခုစနစ်သစ်၏ အားသာချက်အားနည်းချက်များကို သိရှိစေရန် ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်ကာ စာမေးပွဲအောင်မြင်မည်ဟုလည်း ယုံကြည်ချက်ရှိကြောင်း သိရသည်။ ငယ်စဉ်က သားကြီးဖြစ်သောကြောင့် စာမေးပွဲဆက်လက်ဖြေဆိုနိုင်ခြင်းရှိဘဲ အလုပ်လုပ်ကိုင်ခဲ့ရပြီး ယခုအချိန်တွင် မိသားစုဝင်များ မသိအောင် စာမေးပွဲအား ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့ဆိုရင် ၈ ခန်းရှိရင် ၈ ခန်းလုံးကို ခြုံပြီးမေးသွားတာ။ ကွက်တိကျက်သွားလို့မရဘူး။ ဘာလို့လဲဆိုတော့ ကျောင်းသားရဲ့ဉာဏ်ရည်နဲ့ Tax ကဟာကို မေးတာမဟုတ်ဘူး။ အရင်တုန်းကလိုလေ။ ပြင်ပရဲ့ တွေးခေါ်မှုနဲ့ အတွေ့နဲ့အတွေးကို မေးတာ” ဟု ၎င်းက သုံးသပ်ပြောသည်။

တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၁၁ ရက်တွင် မြန်မာစာသာသာ၊ မတ်လ ၁၂ ရက်တွင် အင်္ဂလိပ်စာဘာသာ၊ မတ်လ ၁၃ ရက်တွင် သင်္ချာဘာသာရပ်၊ မတ်လ ၁၄ ရက်တွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဘာသာရပ်၊ မတ်လ ၁၅ ရက်တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်၊ မတ်လ ၁၆ ရက်တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တိုကို ဖြေဆိုခဲ့ကြပြီး မတ်လ ၁၇ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သိရပြီး မတ်လ ၁၈ ရက်တွင် လူမှုရေးသိပ္ပံဘာသာရပ်၊ မတ်လ ၁၉ ရက်တွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်တိုကို အသီးသီးဖြေဆိုကြရမည်ဖြစ်သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၁၁ ရက်တွင် မြန်မာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ပြီး စာစစ်ဌာနပေါင်း ၇၉၄ ဌာနတိုတွင် စာရင်းရှိဦးရေမှာ ၁၄၆,၅၂၃ ဦးအနက် လာရောက်ဖြေဆိုသူ ဦးရေမှာ ၁၂၈,၈၀၁ ဦးရှိသည့်အတွက် ကျောင်းသား၊ ကျောင်းသူ ဖြေဆိုရာခိုင်နှုန်းမှာ ၈၇ ဒသမ ၉၀ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News