၁၆.၃. ၂၀၂၄
Written by Thin Zar

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ စျေးကြီးရပ်ကွက်၊ စမ်းကြီးရပ်၊ ကျောက်တန်း-စက်မူဇုန်လမ်းရှိ တစ်ထပ်တိုက်နေအိမ်တစ်လုံးမှ လူမရှိချိန် ခြင်ဆေးခွေထွန်းထားရာမှတစ်ဆင့် မီးလောင်ရာ နေအိမ်တစ်လုံး ဆုံးရူံးခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မတ်လ ၁၅ ရက် ည ၇ နာရီ ၅ မိနစ်အချိန်တွင် ကျောက်တန်း-စက်မူဇုန်လမ်း၌ နေထိုင်သည့် အသက် ( ၇၁) နှစ်အရွယ် ဦးသန်းထွန်းမှာ နေအိမ်၌ ခင်းထားသည့် ကောဇောပေါ်သို့ ခြင်ဆေးခွေအား ထွန်းထားပြီးအပြင်သွားရာ ထိုခြင်ဆေးခွေမှာ လဲကျ၍ ထိုအခင်းမှာ မီးစတင်လောင်ခဲ့ကြောင်း ကနဦးသိရသည်။

ထိုမီးလောင်သည့် နေရာသို့ မော်လမြိုင်မြို့ရှိ မီးသတ်ယာဥ်များ၊ လူမှုကူညီရေးအသင်းများနှင့် အနီးအနားရှိပြည်သူများမှ ဝိုင်းဝန်းငြိမ်းသတ်ရာ ည ၇ နာရီ ၁၀ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၇ နာရီ မိနစ် ၂၀ အချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

ထိုမီးလောင်မူကြောင့် အလျား ၁၀ ပေ၊ အနံ ၁၂ ပေ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း၊ အုတ်ညှပ် နှင့်တည်ဆောက်ထားသည့် တိုက်အိမ်တို့မီးလောင်ဆုံးရူံးခဲ့ကြောင်း၊ ထိုနေအိမ်ပိုင်ရှင် ဦးသန်းထွန်းကို မီးပေါ့ဆမူ့အနေဖြင့်(ပ) ၃၆/၂၀၂၄ ၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမူဖွင့်ထားပြီး စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *