MT News

Written by Tha Doe

ကျပ်တစ်ဘီလျံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလိုသယ်ဆောင်လာသူနှစ်ဦးနှင့် ပူးပေါင်းပါဝင်သူအမျိုးသမီးတစ်ဦးအား ပြင်ဦးလွင်မြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင် ဘာလ ၂၂ ရက် မွန်းလွဲ ၁ နာရီအချိန် မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်- မန္တလေးသွားကားလမ်း၊ အောင်ချမ်းသာကျေးရွာအနီးတွင် မိုးကုတ်မှ ပြင်ဦးလွင်ဘက်သို့ ထွန်းနိုင်ဦး(ခ)ထွန်းနိုင် မောင်းနှင်ပြီး လှမြင့် လိုက်ပါလာသည့် Canter ၆ ဘီး မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် နာနတ်သီးများဖြင့် ဖုံးအုပ်သယ်ဆောင် လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို သိမ်း ဆည်းရမိခဲ့ပြီး စစ်ဆေး ချက်အရ မွန်းလွဲ ၂ နာရီအချိန် ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် ဘိန်းဖြူများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မခင်အေးဝိုင်း(ခ)ခင်ဝိုင်းအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *