April 30, 2024

၄. ၃. ၂၀၂၄
Written by Thettant

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်ညက ခမာမြေမှာ မွေထိုင်းဖိုက်တာ Petchburapha နဲ့ ထိုးသတ်ချိန် ပထမပိုင်းပွဲမပြီးခင်မှာပဲ ကျော်စွာဝင်းကို ထိုးတဲ့လက်သီး ခေါင်းနဲ့ခံလိုက်တာကြောင့် ထိုင်းဖိုက်တာလက်ကျိုးလို့ ဒိုင်ပွဲရပ်နဲ့ နိုင်တဲ့ပွဲအပြီး လာမဲ့ မတ် ၂၄ ရက်မှာ မွေထိုင်းဖိုက်တာ Pha Solar နဲ့ ကျော်စွာဝင်းတို့ မန္တလာမြေမှာ ထိုးသတ်ကြဦးမှာပါ။

“ပြည်ပမှာ နိုင်ပွဲနဲ့ ပြန်လာပြီး မွေးရပ်မြေမှာ ထပ်ကျုံးရမဲ့ ပွဲကြီးပါ။ မန်းမြေက ပရိတ်သတ်တွေရဲ့အားပေးမှု့နဲ့အတူဖြုတ်ကြမယ်” လို့ ကျော်စွာဝင်းက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အသက် ၂၂ နှစ်အရွယ်မှာ လက်ဝှေ့ပွဲ ၉၃ ပွဲထိုးသတ်ထားပြီး ရှုံးပွဲမရှိသေးတဲ့ ကျော်စွာဝင်းရဲ့ သရေပွဲထဲမှာလည်း သွေးသစ်ဝင်းလှိုင်လို မြန်မာပြည်ချန်ပီယံကို နှစ်ကျော့စလုံးဂုဏ်မငယ်ရတဲ့သရေပွဲတွေနဲ့ ထိုးသတ်ထားလို့ ခမာမြေမှာ မွေထိုင်းသမားကို အနိုင်ယူလာတဲ့ကျော်စွာဝင်း မွေးရပ်မြေမှာ ဘယ်လောက်အစွယ်ချွန်မလဲ ကြည့်ရမှာပါ။

Pha Solar ကလည်း မြန်မာပရိသတ်နဲ့ စိမ်းသူမဟုတ်ဘဲ ၆ ပေကျော်တဲ့အရပ်ကြီးကလန်ကလားနဲ့ စိုးလင်းဦးကိုရှုံးဖူးတဲ့ ထိုင်းဖိုက်တာဖြစ်လို့ ဇာတိမြေမှာ အမှန်အကန်ဖြုတ်မဲ့ကျော်စွာဝင်းအတွက် နိုင်ပွဲထပ်တိုးလာနိုင်စရာယှဥ်ပြိုင်ပွဲဖြစ်သလို ဒုခေါင်တွဲဆိုင်းမှာလည်း ရန်နိုင်ထွန်းနဲ့ သက်ဝင်းအောင်၊ တတိယခေါင်ပွဲက အောင်ခိုင်နဲ့ စောဝင်းအောင်တို့ဖြစ်သလို ကြားပွဲငါးပွဲကလည်း ပရိသတ်မစိမ်းတဲ့ ရိုးရာကျားတွေမို့လို့ လာမဲ့ မတ်လ ၂၄ ရက် နေ့လည် ၂ နာရီကနေ ၇ နာရီအထိ မန္တလာသီရိမှာ ထိုးသတ်မဲ့ဒီစိန်ခေါ်ပွဲကလည်း စောင့်ကြည့်ချင်စရာပွဲကောင်းလို့ပဲ….။

Leave a Reply

Your email address will not be published. Required fields are marked *