April 30, 2024

MT News
၂၉. ၂. ၂၀၂၄

မြန်မာ့လက်ရွေးစင် ယူ ၁၆ အသင်း ဖွဲ့စည်းရေးအတွက် ဂျပန်နိုင်ငံသား လူငယ်နည်းစနစ်ဒါရိုက်တာ မီတ (မြန်မာ ယူ ၁၆ အသင်းနည်းပြချုပ်)နဲ့ နည်းပြအဖွဲ့ဟာ အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ဒေသအသီးသီးက ယူ-၁၅ ကစားသမားတွေနဲ့ အကယ်ဒမီ အသီးသီးက ကစားသမားတွေကို ကို စိစစ်ရွေးချယ်လျက်ရှိပါတယ်။

၂၀၂၄ ဖေဖော်ဝါရီ ပထမအပတ်အတွင်း ကစားသမားတွေကို ခြေစမ်းပွဲများ ကစားစေပြီး စတင်ရွေးချယ်မှု ပြုလုပ်ခဲ့ရာမှာ ကစားသမား (၄၀)ဦး ပဏာမ ရွေးချယ်ထားခဲ့ပါတယ်။ လက်ရှိမှာ ရွေးချယ်ခံထားရသူတွေက မန္တလေးအကယ်ဒမီက ၁၅ ဦးနဲ့ အများဆုံးဖြစ်ပြီး ရှမ်း(တောင်) က ၆ ဦး၊ ရခိုင်ယူနိုက်တတ်နဲ့ Yangon Focus တို့က ၄ ဦးစီနဲ့ Soccer Care(မန္တလေး) ရာမညတို့က ၂ ဦးစီအပြင် အာသာဝတီ၊ ကချင်စတား၊ ဖန်ခါးမြေ၊ Yangon Academy၊ Bago FC ၊ Red Hawks ၊ Royal Yangon တို့က တစ်ဦးစီ ရွေးချယ်ခံထားရတာဖြစ်ပါတယ်။

အပြီးသတ် ရွေးချယ်မှု ပြုလုပ်ပြီးတာနဲ့ မြန်မာ့လက်ရွေးစင် ယူ၁၆ အသင်းထွက်ပေါ်လာမှာပါ။ လူငယ် ကစားသမားတွေ ကျောင်းစာမေးပွဲများ ပြီးဆုံးပြီး လာမယ့် မတ်လ (၄)ရက်၊(၅)ရက်တို့မှာ ခြေစမ်းပွဲတွေ ဆက်လက် ကစားသွားရဖို့လည်း ရှိနေပါတယ်။

လူငယ်ဖွံ့ဖြိုးရေး နည်းစနစ် ဒါရိုက်တာအဖြစ်နဲ့ရော မြန်မာ ယူ ၁၆ အသင်းနည်းပြချုပ် အဖြစ်နဲ့ပါ (၂)နှစ်ကြာ တာဝန်ယူဖို့ သဘောတူညီမှုရထားတဲ့ ဂျပန်နည်းပြ MITA ဟာ အထက်မြန်မာပြည်နဲ့အောက်မြန်မာပြည် ယူ၁၅ ပြိုင်ပွဲက ထူးချွန်ကစားသမားတွေကို စမ်းသပ်နေခဲ့တာဖြစ်ပြီး မကြာခင်မှာ ယူ၁၆ အသင်းဖွဲ့စည်းတော့မှာ ဖြစ်ကာ MITA ဟာ ပြည်တွင်းနည်းပြများနဲ့ ပူးပေါင်းပြီး လူငယ်အသင်းကို ဖွဲ့စည်းတာဝန်ယူမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *