၂၉. ၂. ၂၀၂၄
Written by Nay Moe

မကွေးတိုင်း၊ စလင်းမြို့၊ တောစိမ့်တိုက်နယ်၊ သန်းပင်ကုန်း ကြူဝန်းရွာအနီးမှာ ဒီနေ့ မွန်းလွဲပိုင်းက တပ်မတော်(လေ) ရဲ့ Mig 29 တိုက်လေယာဉ်တစ်စီးပျက်ကျပေမဲ့ လေယာဥ်မှူးတွေက လေထီးနဲ့ခုန်ထွက်နိုင်ခဲ့တာကြောင့် ရှင်သန်လွတ်မြောက်ခဲ့တယ်လို့ ကနဦးသိရပါတယ်။

ဒီဖြစ်စဥ်က ဖေဖော်ဝါရီ ၂၉ ရက် မွန်းလွဲ ၁၂ နာရီခန့်မှာ စလင်းမြို့နယ် ကြိုဝန်းကျေးရွာအနီး လယ်ကွင်းထဲကို Mig 29 တိုက်လေယာဥ်ပျက်ကျခဲ့တာဖြစ်ပြီး ပျက်ကျမှုကြောင့် တိုက်လေယာဥ်က တစ်စစီဖြစ်သွားသလို မီးလောင်ပျက်စီးသွားတယ်လို့လည်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

လက်ရှိမှာတော့ တိုက်လေယာဥ်ပျက်ကျရာနေရာဆီကို စလင်းမြို့မရဲစခန်းတာဝန်ရှိသူတွေ စစ်ဆေးနေသလို နယ်မြေခံတပ်တွေဖြစ်တဲ့ ခမရ ၂၅၃၊ ၂၅၄၊ ၂၅၅ တို့ကလည်း မြေပြင်ရှင်းလင်းမှုတွေ လုပ်ဆောင်နေတဲ့အပြင် တပ်မတော်(လေ) ရဟတ်ယာဥ်တွေ၊ တိုက်လေယာဥ်တွေနဲ့ပါ ကင်းထောက်နေတယ်လို့သိရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး MT News က ဆက်လက်စုံစမ်းနေပြီး အတည်ပြုသိရတာတွေကို ထပ်မံဖော်ပြပေးပါမယ်။

ဓာတ်ပုံ – စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *