MT News

၁၆. ၂. ၂၀၂၄

ဒီ သောကြာနေ့ညမှာ ကျင်းပတဲ့ One Friday Fight-52 ပြိုင်ပွဲမှာ မြန်မာ့လက်ဝှေ့ကျော် သံမဏိ စိုးလင်းဦးနဲ့ သန့်ဇင်တို့ရဲ့ ပွဲစဉ်တွေ ပါဝင်လာပြီး One Championship က အပတ်စဥ်ကျင်းပတဲ့ One Friday Fight မှာ ပထမဆုံး မြန်မာဖိုက်တာနှစ်ဦးကို ထည်သွင်းထိုးသတ်စေတာဖြစ်ပေမဲ့ မြန်မာဖိုက်တာနှစ်ယောက်ဟာ Underdog (နိုင်ခြေနည်းဖိုက်တာ) အဖြစ် သတ်မှတ်ခံရသလို အလဲထိုးအနိုင်နဲ့ ဘတ် ၃၅၀၀၀၀ ဆုရတဲ့ စိုးလင်းဦးဆို အောက်ဆုံးအဆင့် အဖွင့်ပွဲပဲ စထိုးခဲ့ရ၊ ထိုင်းလောင်းကစားသမားတွေက ကြေးမဖွင့်ဘဲ အထင်သေးတာ ကြုံခဲ့ရတာပါ။

ဒီလိုပဲ ဒီနေ့ည ၇ နာရီမှာစခဲ့တဲ့ ONE Friday Fight အတွက် Mix247 ရဲ့ အလေးပေးမှုတွေထွက်လာချိန်မှာလည်း ပွဲစဉ် ၂ အဖွင့်ပွဲ ထိုးသတ်ရတဲ့ ဝါရင့်စိုးလင်းဦးရဲ့ပွဲ ကြေးဖွင့်မခံရဘဲ သန့်ဇင်ပွဲသာ အလေးပေးမှုထွက်လာသလို သန့်ဇင်က Underdog (နိုင်ခြေနည်းဖိုက်တာ) အဖြစ် ၂.၃ လို့သတ်မှတ်ခံရပြီး ပြိုင်ဘက်ဂျိုင်ဆင်းက ၁.၅၆ နဲ့ Favorite (နိုင်ခြေမြင့်ဖိုက်တာ) အဖြစ် အလေးပေးခံခဲ့ရပါတယ်။

သန့်ဇင်ရဲ့ ပြိုင်ဘက် အသက် ၂၈ နှစ်အရွယ် ထိုင်းနိုင်ငံသား ဂျိုင်ဆင်းက အရပ်က ၅ ပေ ၅ လက်မရှိသလို One Championship မှာ ၃ ပွဲထိုးသတ်ထားပြီး ၂ ပွဲနိုင် ၁ ပွဲရှုံးထားသူပါ။ ထိုင်းတွေအထင်သေးလို့ အဖွင့်ပွဲထိုးရတဲ့ သံမဏိစိုးလင်းဦးဟာ ဂျပန်ဖိုက်တာကို အလဲထိုးနဲ့ ချတ္ထရီရဲ့ ဆုကြေးဘတ် ၃၅၀၀၀၀ ပါ ရယူသွားချိန်မှာ Underdog သန့်ဇင်ကရော ဘယ်လောက်စွမ်းမလဲ သိချင်ကြတာ ထုံးစံပါပဲ။

ဒီနေ့မှာ Underdog ဖြစ်နေသလို သမ္ဘာရင့်စိုးလင်းဦးက အလဲထိုးနိုင်သွားပေမဲ့ ထွန်းလွင်မိုးရဲ့ညီ သန့်ဇင်က ပြိုင်ဘက်ကိုရှိန်နေတာမရှိဘဲ တိုက်စစ်ဖွင့်ခဲ့သလို ဂျိုင်ဆင်းရဲ့ ထိုးချက်တွေလည်း ဖြုန်ပုံမရတာ တွေ့ရပြီး ထိချက်တိုင်း လှောင်ပြောင်နေခဲ့တာပါ။ ဒီလိုနဲ့ ဒုတိယအချီအစမှာ သန့်ဇင်ရဲ့ ဘယ်လက်သီး ဂျိုင်ဆင်းရဲ့ မေးရိုးထိပြီး ဖင်ထိုင်အကျမှာ ပြန်ထလာပေမဲ့ ဂျိုင်ဆင်း မူးဝေနေတာကြောင့် ဒိုင်ပွဲရပ်နဲ့ ရှုံးသွားတာပါ။

သန့်ဇင်ဟာလည်း ချတ္ထရီအကြိုက်တွေ့ပြီး ဘတ် ၃၅၀၀၀၀ ဆုရခဲ့သလို အကိုထွန်းလွင်မိုး မျက်လုံးခွဲဖို့ ကြိုးစားနေတဲ့ ဖိုက်တာပေါက်စသန့်ဇင်ဟာ အကိုအတွက်ကြိုးစားနေကြောင်း ဖွင့်ဟခဲ့တာ၊ ပွဲချိန်တစ်လျှောက် လှောင်ပြောင်ထိုးသတ်နေတဲ့ ဂျိုင်ဆင်းကို သူအနိုင်ရချိန်မှာလည်း ကန်တော့ခဲ့တာကြောင့် နှလုံးသားလှပြီး ကျေးဇူးသိတတ်တဲ့ ချစ်စရာဖိုက်တာလေးပဲလို့ ပြောရမှာ ဖြစ်သလို ထူးထူးခြားခြား မြန်မာဖိုက်တာနှစ်ယောက်ထည့်ထားပြီး နှစ်ယောက်စလုံး Underdog လုပ်ထားတဲ့ One ဟာ ဘတ် ၇ သိန်း ဆုကြေး ကုန်သွားသလို မြန်မာဖိုက်တာတွေ ဒီည One ထိုင်းဖိုက်မှာ လူကြိုက်များခဲ့တာ နှစ်သက်စရာပါလို့ပဲ…..။

Leave a Reply

Your email address will not be published. Required fields are marked *