၁၈ . ၂ .၂၀၂၄
Written by MMAK

◾ ရှက်ဖီး Vs ဘရိုက်တန်

ဘရိုက်တန်အနေနဲ့က ဒီပွဲမှာ ဖိအားသိပ်မရှိသလို သရေကျလို့ရတဲ့ အခြေအနေရှိပေမဲ့ ဇယားအောက်ဆုံးက ရှက်ဖီးက ပွဲစဉ်တိုင်း အရေးကြီးသလို တစ်မှတ်ရရင်ကို တန်ဖိုးရှိပါတယ်။ ဘရိုက်တန် ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသ​ရေဖြစ်ပါတယ်။ ဘော်ဒီကြေးတစ်လုံးနှစ်ဆယ်စားနဲ့ တစ်လုံးရှစ်ဆယ်စားပေါက်တဲ့ အထက်ကြေးတွေမှာ အောင်ဖို့ရာ ခဲယဉ်းတယ်ဆိုတာကို ထိုးသားတွေ သတိပြုစေချင်သလို ဘရိုက်တန်ကို ဆန့်ကျင်ဖို့ရာ လုံလောက်ပါတယ်။ ဂိုးပေါင်းကြေး သုံးလုံးသရေပေးထားပေမဲ့ စနေညကလို ဂိုးပေါင်းတွေ ထပ်အောင်ကြဦးမှာလို့ လွယ်လွယ်မထင်စေချင်ပါဘူး။ ဘောလုံးကိုင်ကစားလာမဲ့ ဘရိုက်တန်ကို ရှက်ဖီး ယှဉ်ကစားလာဖို့မရှိဘဲ တန်ပြန်တိုက်စစ်နဲ့သာ ထိန်းကစားဖို့များပါတယ်။ လေးဂိုးအထိ မရောက်နိုင်တဲ့ အတွက် ဂိုးအောက်ကိုထပ်မံရွေးချယ်ပေးချင်ပါတယ်။ ရှက်ဖီးနဲ့ ဂိုးအောက် ကြိုက်ပါတယ်။

◾ လူတန်တောင်း Vs မန်ယူ

ခြေစွမ်းအတက်ဘက်ရောက်နေတဲ့ နှစ်သင်းထိပ်တိုက်တွေ့ဆုံနေတာဖြစ်ပါတယ်။ မန်ယူ နောက်ဆုံးသုံးပွဲဆက် ကြေးအောင်ထားချိန်မှာ လူတန်က ဇယားအောက်ဆုံးက ရှက်ဖီးလို အသင်းကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးထားချိန်ဖြစ်ပါတယ်။ မန်ယူအသင်း ဘော်ဒီကြေး တစ်လုံးသုံးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံးဖြစ်ပါတယ်။ တစ်ဂိုးနဲ့ ကပ်နိုင်ရုံနဲ့  မန်ယူအသင်း ပြားသုံးဆယ်စားရမယ်ဆိုတဲ့ ပေါက်ကြေးအနေအထားမှာ ထိုးသားအများစု မန်ယူအသင်းကို ပုံအောလာနိုင်တာကို သတိပြုသင့်ပါတယ်။ ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်ရှုံးပေါက်ကြေးအရ အိမ်ရှင်လူတန် ဂိုးရဖို့ များတဲ့ ကြေးပေါက်မျိုးဖြစ်ပါတယ်။ လူတန်အသင်းဂိုးရရင် မန်ယူအသင်း သုံးဂိုးထပ်သွင်းမှ ကြေးအပြည့်အောင်မှာ ဖြစ်ပါတယ်။ မန်ယူအသင်းဂိုးပြတ်အနိုင်ရသွားမယ် မထင်သလို နိုင်ခဲ့ရင်တောင် ကပ်ပြီးတော့ အနိုင်ရမယ်လို့ ယူဆတဲ့အတွက် ပြားသုံးဆယ်ရင်းပြီး အိမ်ရှင်လူတန်တောင်းအသင်းကို ရွေးချယ်ထားချင်ပါတယ်။

◾ ဘိုချမ် Vs ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ် ခြေစွမ်းကျဆင်းနေသလို ကြေးမအောင်တာ ခြောက်ပွဲဆက်တိုက်ရှိပြီ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်လို အသင်းကြီးတစ်သင်းအနေနဲ့ ဒီအခြေ အနေဟာ လက်ခံနိုင်စရာမရှိတဲ့အတွက် နည်းပြတူချယ် အထုတ်ခံရဖို့ ရာခိုင်နှုန်းများနေပြီး ဖြစ်ပါတယ်။ ဒီပွဲပြီးရင် လိုက်ဇစ်အသင်းနဲ့ ကန်ရမှာဖြစ်လို့ ပိုပြီးတော့ ခက်ခဲနိုင်သလို ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်ကလည်း အရေးကြီးတာဖြစ်ပါတယ်။ အိမ်ရှင်ဘိုချမ် အိမ်ကွင်းကောင်းတာ မှန်ပေမဲ့ ဘိုင်ယန်ရဲ့ နိုင်ပွဲဆာလောင်မှုကိုတော့ ခံနိုင်အားရှိမယ်မထင်ပါဘူး။ ဘိုင်ယန်မြူးနစ်ပြန်လာချိန်တန်ပြီဖြစ်သလို သောမတ်တူချယ် အထုတ်မခံရချင်ရင် ဒီပွဲအပါအဝင် လိုက်ဇစ်နဲ့ပွဲမှာ အနိုင်ယူထားဖို့လိုပြီး ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာလည်း နောက်တစ်ဆင့်တက်ထားဖို့ လိုပါတယ်။ ဘိုချမ်နဲ့ ထိပ်တိုက်တွေ့ဆုံမှုတိုင်း ဂိုးပြတ်အနိုင်ရထားတဲ့ ဘိုင်ယန်မြူးနစ်ရဲ့ နှစ်လုံးရှစ်ဆယ်စား ပေါက်ကြေးကတော့ ထိုးသားအများစု ဘိုင်ယန်ကိုနေဖို့ သံသယရှိနေနိုင်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ ဘိုင်ယန်မြူးနစ်ကို ရွေးချင်ပါတယ်။ အရေး ကြီးပွဲစဉ်တွေ ကန်ရတော့မဲ့ ဘိုင်ယန်မြူးနစ် ဒီပွဲဟာ စိတ်ဓာတ်တက်ကြွမှု၊ ယုံကြည်မှုယူဖို့ လိုအပ်တဲ့ နိုင်ပွဲဖြစ်လို့ နှစ်ဂိုးမပြတ်စရာအကြောင်းမရှိပါဘူး။

◾ ဖရိုစီနိုနီ Vs ရိုးမား

ရိုးမားကြားရက်မှာ ယူရိုပါလိဂ်ပွဲစဉ်ကစားခဲ့ရသလို နောက်နှစ်ရက်အကြာ ခုညမှာ ဖရိုစီနိုနီအသင်းနဲ့ အဝေးကွင်းပွဲစဉ်ကစားရမှာ ဖြစ်ပါတယ်။ ဖရိုစီနိုနီနဲ့ ပွဲစဉ်ပြီးရင်လည်း ယူရိုပါလိဂ်မှာ နောက်တစ်ဆင့်တက်ဖို့ ဖီယင်နုကို အိမ်ကွင်းမှာ ဧည့်ခံကစားရဦးမှာဖြစ်လို့ ဒီပွဲစဉ်ကို အင်ပြည့်အားပြည့် ကစားနိုင်ဖို့မသေချာပါဘူး။ ဖရိုစီနိုနီအသင်းကတော့ ဘယ်အသင်းလာလာ ယှဉ်ကစားတာဖြစ်လို့ ယခုပွဲစဉ်မှာလည်း ရိုးမားအသင်းကို ဘယ်လောက်ကောင်းလဲဆိုတာ စမ်းသပ်ဦးမှာဖြစ်ပါတယ်။ ဖရိုစီနိုနီအသင်း အဝေးကွင်းနိုင်ပွဲလုံးဝမရသေးပေမဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ အမှတ်ယူတတ်တဲ့အသင်းဖြစ်သလို အိမ်ကွင်းတိုက်စစ်လည်း ကောင်းပါတယ်။  ရိုးမားအသင်း ပွဲပန်းနေသလို အဝေးကွင်းခြေစွမ်းနဲ့ တိုက်စစ်က စိတ်မချရတဲ့ အခြေအနေမှာ အိမ်ကွင်းကောင်းတဲ့ ဖရိုစီနိုနီအသင်းကို အနိုင်ကန်နိုင်ဖို့ မလွယ်ကူတာ ဖြစ်ပါတယ်။ တစ်လုံးကိုးဆယ်စားပေးထားတဲ့ ရိုးမားရဲ့ ပေါက်ကြေးကို သဘောမကျသလို သရေကန်ခံနိုင်တဲ့ အိမ်ရှင် ဖရိုစီနိုနီကို ရွေးချယ်ထားချင်ပါတယ်။

◾ ဗယ်လက်ကာနို Vs ရီးရဲမက်ဒရစ်

ရီးရဲအသင်းပွဲဆက်တွေများနေသလို အဓိကစားသမား ဘယ်လင်ဟမ်နဲ့ ဗဟိုခံစစ်မှူး သုံးဦးလုံး ဒဏ်ရာရနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာတောင် ရီးရဲအသင်းရဲ့ ခံစစ်က တည်ငြိမ်မှုပြထားနိုင်သလို လိုအပ်တဲ့ နိုင်ပွဲတွေကို ဖော်ဆောင်ထားနိုင်တဲ့အတွက် ချီးကျူးချင်စရာ ကောင်းပါတယ်။ ဗယ်လက်ကာနိုက နောက်ဆုံးသုံးပွဲဆက် ဂိုးပေါ် ကစားခဲ့သလို အိမ်ကွင်းကောင်းတဲ့ အသင်းမျိုးဖြစ်ပါတယ်။ အဝေးကွင်းရီးရဲအသင်း ဘော်ဒီကြေးတစ်လုံးနှစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စားဖြစ်ပါတယ်။ ဘော်ဒီကြေးရော ဂိုးပေါင်းကြေးရော နှစ်ခုစလုံးကို သဘောမကျသလို ဘော်ဒီနိုင်ခဲ့ရင် ဂိုးပေါင်းကြေးကျမယ် ဂိုးပေါင်းအောင်ခဲ့ရင် ဘော်ဒီကြေး ကျမယ်လို့ ယူဆထားသလို ဒီကြေးအနေအထားနဲ့ နှစ်မျိုးစလုံး အောင်စရာ အကြောင်းမရှိပါဘူး။ သုံးပွဲဆက် ဂိုးသွင်းထားသလို သုံးပွဲလုံးဂိုးပေါင်းအောင်ထားတဲ့ ဗယ်လက်ကာနိုနဲ့ ခြေစွမ်းကောင်းနေပါတယ်ဆိုတဲ့ ရီးရဲအသင်းတွေ့ဆုံမှုမှာ ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စားကတော့ မဖြစ်သင့်ပါဘူး။ နှစ်သင်းလုံး ထိန်းကစားကြမယ်လို့ ယူဆထားလို့ ဂိုးအောက်တစ်မျိုးတည်းကို ရွေးထားချင်ပါတယ်။

◾ ဂရန်နာဒါ Vs အယ်မီးရီးယား

လာလီဂါပွဲစဉ်တွေနဲ့ စီရီးအေပွဲစဉ်တွေက ဂိုးပေါင်းကြေးပျော့တာ အားလုံးအသိဖြစ်ပါတယ်။ အဝေးကွင်းအယ်မီးရီးယားအသင်း ၂၄ ပွဲ ကစားထားရာမှာ နိုင်ပွဲလုံးဝမရသေးသလို ခုနှစ်ပွဲသရေကျထားပြီး ခုနှစ်မှတ်နဲ့ ဇယားအောက်ဆုံးမှာ ရပ်တည်နေရတဲ့အပြင် တစ်ပွဲ တစ်ဂိုး သွင်းဖို့တောင် တိုင်ပတ်နေတတ်တဲ့အသင်းဖြစ်ပါတယ်။ ဂရန်နာဒါကတော့ အယ်မီးရီးယားလောက် အခြေအနေမဆိုးပါဘူး။ နှစ်ပွဲနိုင်ထားသလို တိုက်စစ်က ဂိုးသွင်းတတ်ပါသေးတယ်။ အမှတ်ပေးဇယား အောက်ဆုံးကနှစ်သင်း ထိပ်တိုက်တွေ့ဆုံပွဲမှာ ဂိုးပေါင်းကြေးက နှစ်လုံးခုနှစ်ဆယ်အရှုံးပေးထားတာတွေ့ရပါတယ်။ ပထမအကျော့ အယ်မီးရီးယားကွင်းမှာလည်း တစ်ဖက်သုံးဂိုးစီသရေကျခဲ့သလို ဒီပွဲစဉ်မှာလည်း သူနိုင်ကိုယ်နိုင် ဖွင့်ကစားကြမဲ့ အနေအထားဖြစ်လို့ ဂိုးပေါင်းကြေး မြင့်နေတာဖြစ်ပါတယ်။ ဘွတ်ကီအနေနဲ့ ဒီပွဲကို ဂိုးပေါင်းကြေး မြှင့်ထားပုံအရ နှစ်သင်းလုံး တိုက်စစ်ဖွင့်ကစားပြီး သွင်းဂိုးတွေ မြင်ရလိမ့်မယ်လို့ ယူဆထားပုံရပါတယ်။ ဘွတ်ကီဖော်လိုအတိုင်း ဂိုးပေါ် လိုက်နေချင်ပါတယ်။

◾ရန်းနက် Vs ကယ်လာမွန့်

ကြားရက်မှာ ရန်းနက် ယူရိုပါလိဂ်ပွဲစဉ်ကစားခဲ့ရပြီး အေစီမီလန်ရဲ့ အိမ်ကွင်းမှာ သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ အခု ဇယားအောက်ဆုံးက ကယ်လာမွန့်နဲ့ ပွဲစဉ်မှာ အိမ်ရှင်ရန်းနက် တစ်လုံးသရေ ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး ခုနစ်ဆယ်စားဖြစ်ပါတယ်။ ကြားရက်မှာ အီတလီနိုင်ငံကိုသွားပြီး ယူရိုပါလိဂ်ကစားထားရတဲ့ ရန်းနက်ရဲ့ ဘော်ဒီကြေးက တစ်လုံးသရေဖြစ်ပါတယ်။ အမှတ်ပေးဇယားအောက်ဆုံးက ကယ်လာမွန့်အသင်းက နှစ်ဆယ့်တစ်ပွဲကစားထားရာမှာ သွင်းဂိုး ဆယ့်ငါးဂိုးဘဲ သွင်းထားပါတယ်။ ဒီအခြေအနေမှာ ဂိုးပေါင်းကြေး သုံးလုံး ခုနစ်ဆယ်စားဆိုတဲ့ ဂိုးပေါင်းကြေးကရော ကယ်လာမွန့်အသင်း ဂိုးရမှာလား။ ကယ်လာမွန့်အသင်း ဂိုးရမယ်ဆို ဘော်ဒီကြေး ထပ်ချသင့်ပြီး တစ်လုံးလေးဆယ်စားလောက်ပေးသင့်တာ ဖြစ်လို့ ဒီပွဲမှာ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေးက စဉ်းစားစရာဖြစ်ပါတယ်။ ဒီလိုကြေးပေါက်မျိုး ခဏခဏ ကြုံဖူးသလို ဒီလိုကြေးပေါက်ဟာ တစ်လုံးသရေကြေးကြောပေးထားတဲ့ အထက်အသင်းကသာ အနိမ့်ဆုံး တစ်ဂိုးအသာနဲ့ နိုင်သွားတာမျိုး ဖြစ်ပါတယ်။ ဒီပွဲစဉ်ရဲ့ ပေါက်ကြေးအရ အိမ်ရှင် ရန်းနက်အသင်းကို ရွေးချယ်ပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *