၁၈. ၂. ၂၀၂၄
Written by Nay Aung

မြန်မာတရားရုံးတစ်ရုံးသည် အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသော သီရိလင်္ကာနိုင်ငံသား ငါးဖမ်းသမား ၁၃ ဦးနှင့် ငါးဖမ်းသင်္ဘောခေါင်းဆောင်ဖြစ်သူတို့ကို ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံအမတ်ကြီးက ထုတ်ဖော်ပြောဆိုလိုက်သည်။

သိရီလင်္ကာသံအမတ်ကြီး ဂျာနာကာ ဘန်ဒရာက ငါးဖမ်းလှေပေါ်တွင် လိုက်ပါလာခဲ့သော သီရိလင်္ကာနိုင်ငံသား ၁၃ ဦးသည် တစ်ဦးကို ထောင်ဒဏ်သုံးနှစ်စီအမိန့်ချမှတ်ခံရကြောင်း အတည်ပြုပြောဆိုထားသည်။ ထို့ပြင် ငါးဖမ်းသင်္ဘောသားများခေါင်းဆောင်ဖြစ်သူကို ထောင်ဒဏ် ၅ နှစ်ပြစ်ဒဏ်ပေးခဲ့ကြောင်း၊ လက်ရှိအချိန်တွင် သီရိလင်္ကာနိုင်ငံသား ငါးဖမ်းသမားများသည် ကျန်းမာရေးကောင်းမွန်နေပြီး လွတ်ငြိမ်းချမ်းသာခွင့်များဖြင့် မကြာခင် ပြန်လည် လွတ်မြောက်မည်ဟု မျှော်လင့်ထားကြောင်း မြန်မာနိုင်ငံဆိုင်ရာသီရိလင်္ကာသံအမတ်ကြီးကပြောသည်။

သီရိလင်္ကာငါးဖမ်းသမားများသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ်အတွင်း မြန်မာရေပိုင်နက်အတွင်းသို့ တရားမဝင် ငါးဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ မြန်မာအာဏာပိုင်များသည် ငါးဖမ်းသင်္ဘောနှစ်စီးနှင့်အတူ ငါးဖမ်းသမား ၁၅ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။ သံအမတ်ကြီးက ကာပီတီယာနှင့် နီဂွန်ဘိုဒေသမှ ငါးဖမ်းသမားများသည် ရာရမ်ပူတာနှင့်လော်ရမ်အမည်ရှိ ငါးဖမ်းသင်္ဘောများဖြင့် နိုဝင်ဘာလအတွင်း ငါးဖမ်းခြင်းခရီးစဉ်ကို စတင်ခဲ့ပြီး ဒီဇင်ဘာ ၂ ရက်နေ့တွင် မြန်မာအာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရခြင်းဖြစ်ကြောင်း ပြောသည်။

Ref newsfirst

Leave a Reply

Your email address will not be published. Required fields are marked *