၁၇ . ၂ .၂၀၂၄
Written by MMAK

ဘရန့်ဖို့ Vs လီဗာပူး

ပရီးမီးယားလိဂ် အမှတ်ပေးဖလားအတွက် တစ်ပွဲမှ မှားလို့မရအောင် ဂရုစိုက်နေရတဲ့ အချိန်ဖြစ်သလို ဇယားထိပ်ဆုံးက လီဗာပူးအသင်းအနေနဲ့ အဆင့် (၁၄ ) က ဘရန့်ဖို့အသင်းကို တစ်လုံးသွင်းရင် သုံးဆယ်အနိုင်ရမယ်ဆိုတဲ့ ပေါက်ကြေးက ကြေးပျော့နေသယောင် ဖြစ်နေပါတယ်။ လီဗာပူးရဲ့ နောက်ဆုံး အဝေးကွင်းနှစ်ပွဲမှာ အာဆင်နယ်ကို ရှုံးခဲ့သလို ဖူဟမ်နဲ့ သရေကျပြီး ကြေးကျခဲ့တာ တွေ့ရပါတယ်။ ဘရန့်ဖို့အသင်းနဲ့ တိုက်ထိပ်တွေ့ဆုံမှုပွဲစဉ်တွေဖြစ်တဲ့ ဘရန့်ဖို့ အိမ်ကွင်းမှာ လီဗာပူး တစ်ပွဲနိုင် တစ်ပွဲရှုံးခဲ့တာ ဖြစ်ပါတယ်။ ဘော်ဒီကြေး တစ်လုံး သုံးဆယ်စား ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်အရှုံးပေါက်ကြေးအရ အိမ်ရှင် ဘရန့်ဖို့အသင်း ဂိုးရမယ်ထင်ပါတယ်။ အသင်းကြီးတွေကို ရှိန်မနေတတ်ဘဲ သူတင်ကိုယ်တင်ကစားနိုင်သလို တိုက်စစ်မှူး အိုင်ဗန်တိုနေးလည်း ပါဝင်လာမှာ ဖြစ်လို့ အိမ်ရှင်ဘရန့်ဖို့ကို ရွေးချယ်ချင်ပြီး ဂိုးပေါင်းအပေါ်ကို နည်းနည်းလောက် ပြန်ကာထားဖို့ အကြုံပြုပါတယ်။

ဘန်လေ Vs အာဆင်နယ်

ဘန်လေအသင်းအနေနဲ့ တန်းဆင်းဇုန်ကနေလွတ်ဖို့အတွက် အမှတ်ရဖို့ အရေးကြီးနေသလို ပရီးမီးယားလိဂ်ဖလားကိုပစ်မှတ်ထားနေတဲ့ အာဆင်နယ်အသင်းအနေနဲ့ကလည်း လက်ကျန်ပွဲစဉ်တွေမှာ အသင်းကြီးတွေ အသင်းကောင်းတွေနဲ့ တွေ့ရမှာ ဖြစ်လို့ သုံးမှတ်ရထားဖို့ အရေးကြီးပါတယ်။ အဝေးကွင်းအာဆင်နယ်အသင်းက တစ်လုံး ကိုးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး နှစ်ဆယ်စားဖြစ်ပါတယ်။ အာဆင်နယ်အသင်း တိုက်စစ်ကောင်းတာ အားလုံးသိပြီးဖြစ်သလို ဆာကာနဲ့ အိုဒီဂတ်ပါရင် ဂိုးရဖို့အတွက် မပူရပါဘူး။ ဘန်လေအသင်းရဲ့ နောက်ဆုံးသုံးပွဲမှာ ခံစစ်ကောင်းပါတယ်ဆိုတဲ့ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ကိုအဝေးကွင်းမှာ ဂိုးသွင်းနိုင်တာတွေ့ရသလို ဖူဟမ်နဲ့ အိမ်ကွင်းပွဲမှာ နှစ်ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ကွန်ပနီရဲ့ဘန်​လေအသင်း အာဆင်နယ်ကိုလည်း အိမ်ကွင်းမှာ ယှဉ်ကစားလာဦးမှာ သေချာပါတယ်။ ဘန်လေအသင်း ဂိုးရသွားနိုင်တဲ့အတွက် ဒီပွဲစဉ်မှာ ဘန်လေနဲ့ ဂိုးပေါ်ရွေးချယ်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။

ဖူဟမ် Vs အက်စတွန်ဗီလာ

ဖူဟမ်အသင်းရဲ့ တိုက်စစ်မှူး မူနစ် ဂိုးသွင်းခြေတွေ့နေတာတွေ့ရသလို အမှတ်ပေးဇယားအလယ်မှာ ရတည်နေတဲ့ ဖူဟမ်အသင်း အိမ်ကွင်းခြေစွမ်းကောင်းတာတွေ့ရပါတယ်။ ဖူဟမ်အသင်းအနေနဲ့ ဖိအားမရှိဘဲ လွတ်လွတ်လပ်လပ်ကန်လို့ရသလို ရှုံးရှုံးနိုင်နိုင် ဘာမှမဖြစ်ပါဘူး။ ဗီလာအသင်းအနေနဲ့ကတော့ နောက်ရာသီ ဥရောပဝင်ခွင့်သေချာဖို့အတွက် အမှတ်တွေ ရသလောက်စုဆောင်းရဦးမဲ့ အခြေအနေပါ။ အဝေးကွင်းဗီလာအသင်းက ပြားသုံးဆယ်အရှုံးပေးထားပြီ ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စား ဖြစ်ပါတယ်။ ဖူဟမ်အသင်းရဲ့ အိမ်ကွင်းမှာ ဗီလာအသင်း အနိုင်ရဖို့အတွက်ဆို ထိန်းထိန်းသိမ်းသိမ်းကစားပြီး ဖူဟမ်အသင်းရဲ့ အမှားကို စောင့်ကစားမယ်ထင်ပါတယ်။ လက်ရှိပေါက်ကြေးအရ လူကြိုက်များလာနိုင်တဲ့ ဖူဟမ်အသင်းကို လက်ရှောင်ချင်သလို ဗီလာအသင်းအနိုင်ရသွားမယ်လို့ ယူဆထားပါတယ်။ ဗီလာအသင်း အဝေးကွင်းမှာ ထိန်းထိန်းသိမ်းသိမ်းကစားပြီး နိုင်ပွဲရှာဖွေမှာ ဖြစ်တဲ့အတွက် အဝေးကွင်း ဗီလာအသင်းကို ဂိုးအောက်နဲ့ တွဲရွေးချင်ပါတယ်။

နယူးကာဆယ် Vs ဘုန်းမောက်

နယူးကာဆယ်အသင်း အနေနဲ့ FA ဖလားပွဲစဉ်နဲ့ နောက်ရာသီ ဥရောပပွဲ ကစားရဖို့ အမှတ်ပေးဇယားအထက်ရောက်အောင် ကြိုးစားခွင့်ရှိနေသေးတာဖြစ်ပါတယ်။ ဘုန်းမောက်အသင်းက အမှတ်ပေးဇယားအလယ်မှာ ဟိုမရောက် ဒီမရောက် ဖြစ်နေတဲ့ အသင်းဖြစ်ပါတယ်။ တိုက်စစ်ကောင်းတဲ့ ဘုန်းမောက်အသင်း ဖွင့်ကစားလာမယ်ဆို အိမ်ရှင်နယူးကာဆယ်အသင်းက ဂိုးပိုရနိုင်ခြေများပါတယ်။ အိမ်ရှင်နယူးကာဆယ်အသင်း သရေအရှုံးပေးထားသလို ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်ရှုံး အနေအထားမှာ နှစ်သင်းလုံး တိုက်စစ်ဖွင့်ကစားမဲ့ ပုံစံမျိုးဖြစ်ပါတယ်။ တိုက်စစ်ယှဉ်ကစားမယ်ဆို ကစားကွက်နဲ့ ကစားသမားအရည်အသွေးပိုမြင့်တဲ့ အိမ်ရှင်နယူးကာဆယ်အသင်းက ဂိုးရဖို့အခွင့်အရေးပိုများသလို ပထမအကျော့ရှုံးပွဲကို အိမ်ကွင်းမှာ ပြန်လည်အနိုင်ယူဖို့ ကြိုးစားလာမဲ့ နယူးကာဆယ်ကိုပဲရွေးချယ်ထားချင်ပါတယ်။

နော်တင်ဟန်ဖောရက် Vs ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းသိသိသာသာ ခြေစွမ်းကျဆင်းလာတာတွေ့ရသလို နောက်ဆုံး ခုနှစ်ပွဲဆက် နိုင်ပွဲပျောက်ထားတာဖြစ်ပါတယ်။ ဝက်စ်ဟမ်းရဲ့လက်ရှိအမှတ်ရရှိထားမှူ အခြေအနေအရ ရမှတ်တွေ ဆုံးရှုံးလို့ရတာဖြစ်ပေမဲ့ တန်းဆင်းဇုန်နား ကပ်နေတဲ့ နော်တင်ဟန်ဖောရက်အသင်းကတော့ တစ်ပွဲနဲ့ တစ်ပွဲအရေးကြီးနေသလို တစ်မှတ်ရရင်တောင် တန်ဖိုးရှိနေတာဖြစ်ပါတယ်။ ဒီပွဲမှာ အဆင့် (၁၆ )နော်တင်ဟန်ဖောရက်အသင်းက အဆင့်( ၈ ) က ဝက်စ်ဟမ်းအသင်းကို ပြားသုံးဆယ် အရှုံး ကြေးကြောပြန်ပေးထားတာတွေ့ရပါတယ်။ ပထမအကျော့ ဝက်စ်ဟမ်းအသင်းအိမ်ကွင်းမှာ တစ်လုံးငါးဆယ်စား ပေးခဲ့တဲ့ ပေါက်ကြေးအနေအထားအရ အခု အဝေးကွင်းပွဲမှာ ဝက်စ်ဟမ်းအသင်းအနေနဲ့ ပြားငါးဆယ် အရှုံးလောက်မပေးနိုင်ရင်တောင်မှ ဒဲ့အနေအထားလောက် ပေးသင့်ပါတယ်။ နော်တင်ဟန်ဖောရက်က ကြေးပြန်ပေးထားပုံအရ ဝက်စ်ဟမ်းအသင်း အဝေးကွင်းမှာ မနိုင်ဘူးဆိုတဲ့ ပုံစံမျိုးဖြစ်သလို ရှုံးရင်တောင် ရှုံးသွားနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ပြားသုံးဆယ်ရင်းပြီး အိမ်ရှင်နော်တင်ဟန်ဖောရက်ကို ရွေးပါမယ်။

စပါး Vs ဝုဗ်

စပါး ဒီပွဲကစားပြီးရင် နောက်အပတ်ကန်မဲ့ ချဲလ်ဆီးအသင်းက ဖလားပွဲဖိုင်နယ်ကန်ရမှာ ဖြစ်လို့ တစ်ပတ်အနားရမှာ ဖြစ်တဲ့အတွက် ဒီပွဲမှာ ဆွန်ဟောင်မင်၊ မက်ဒီဆင်၊ ဘီဆူးမား အဓိက ကစားသမား အစုံအလင်ပွဲထွက်လာဖို့ရှိပါတယ်။ စပါးအသင်းရဲ့ အဓိကပစ်မှတ်က ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက်ဆိုပေမဲ့ ဘာမဆိုဖြစ်လာနိုင်တဲ့ ပရီးမီးယားလိဂ်ဖလားလုပွဲမှာ စပါးအသင်းကိုလည်း ထည့်တွက်ထားလို့ ရသေးတဲ့ အခြေအနေပါ။ ဝုဗ်အသင်းရဲ့ ခြေစွမ်းနဲ့ တိုက်စစ်ကလည်း လျှော့တွက်ထားလို့ မရတဲ့အခြေအနေမှာ စပါးအသင်းရဲ့တစ်ဂိုးသွင်းရင်တောင် တစ်ဆယ့်ရှုံးဦးမယ်ဆိုတဲ့  ပေါက်ကြေးက လိုအပ်တာထက် ပြင်းရှနေတာဖြစ်ပါတယ်။ ဝုဗ်အသင်းနဲ့ လယ်ဗယ်တူအသင်းတွေဖြစ်တဲ့ ဘုန်းမောက်နဲ့ ဘရန့်ဖို့အသင်းတို့ကို တစ်လုံးငါးဆယ်စားပေးခဲ့တဲ့ စပါးအသင်းအနေနဲ့ ဒီပွဲမှာ တစ်လုံး သုံးဆယ် စားလောက်ပေးရင်ကို ကြေးမှန်တဲ့ အနေအထားလို့ ပြောလို့ရပါတယ်။ အခုပေါက်ကြေးအရ အိမ်ရှင်စပါးအသင်း အနိမ့်ဆုံး တစ်ဂိုးအသာနဲ့ အနိုင်ရသွားမှာ သေချာနေလို့ ပြားတစ်ဆယ်ရင်းပြီး စပါးအသင်းကို ရွေးချယ်ချင်ပါတယ်။

မန်စီးတီး Vs ချဲလ်ဆီး

စနေညရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်သလို အခုအပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲ အကောင်းဆုံး Big Match ပွဲစဉ်ဖြစ်ပါတယ်။ မန်စီးတီးအသင်း ရှုံးပွဲမတွေ့တာကြာပြီဖြစ်သလို ပရီးမီးယားလိဂ် နောက်ဆုံး ရှစ်ပွဲမှာ တိုက်စစ်က တစ်ပွဲကို အနိမ့်ဆုံး နှစ်ဂိုးသွင်းထားတာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ ခုချိန်ထိ ခြေစွမ်းအမှန်မရသေးသလို အမှတ်ပေးဇယားအလယ် ရပ်တည်ထားတာတွေ့ရပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့က ဒီပွဲရှုံးသွားလည်း ပြဿနာမရှိသလို သရေကျခဲ့ရင်​အမြတ် အနိုင်ရခဲ့ရင် နည်းပြအတွက် အခြေအနေကောင်းသလို နောက်ပွဲလီဗာပူးနဲ့ ဖိုင်နယ်ပွဲစဉ်အတွက် ယုံကြည်မှု ပိုကောင်းလာနိုင်ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ ပိတ်ကစားဖို့မရှိသလို ပထမအကျော့ကလို သူတင်ကိုယ်တင် ကစားလာနိုင်ပါတယ်။ မန်စီးတီးအသင်း နှစ်ဂိုးပြတ်မှ ကြေးအောင်မှာ ဖြစ်သလို ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်အရှုံးဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ချဲလ်ဆီးအသင်းဂိုးရမယ်လို့ ထင်သလို မန်စီးတီးအသင်းလည်း ဂိုးရမဲ့ အခြေအနေမှာ ချဲလ်ဆီးနဲ့ ဂိုးပေါ် ရွေးချယ်ထားရင် အရှုံးမရှိနိုင်ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *