MT News
၁၃. ၂. ၂၀၂၄

ဒီတစ်ပတ် သောကြာနေ့ညမှာ ကျင်းပမဲ့ One Friday Fight-52 ပြိုင်ပွဲမှာ မြန်မာ့လက်ဝှေ့ကျော် သံမဏိ စိုးလင်းဦးနဲ့ သန့်ဇင်တို့ရဲ့ ပွဲစဉ်တွေ ပါဝင်လာပါတယ်။

One Championship က အပတ်စဥ်ကျင်းပတဲ့ One Friday Fight မှာ ပထမဆုံး မြန်မာဖိုက်တာနှစ်ဦးကို ထည်သွင်းထိုးသတ်စေတာဖြစ်သလို မြန်မာဖိုက်တာနှစ်ဦးစလုံးကလည်း ဒီပွဲဟာ သူတို့အတွက် ပထမဆုံးပွဲတွေပါ။ ပြီးခဲ့တဲ့ One Friday Fight 50 မှာ အီတလီနိုင်ငံသားနဲ့ ထိုးသတ်ရမဲ့ စိုးလင်းဦးဟာ အီတလီမွေထိုင်းဖိုက်တာ ဒဏ်ရာကြောင့် နုတ်ထွက်သွားလို့ ပြိုင်ဘက် အပြောင်းအလဲဖြစ်ခဲ့ပြီး အခု ထိုးသတ်ရမဲ့ ပြိုင်ဘက်က အသက် ၃၀ အရွယ် ဂျပန်ဖိုက်တာ Masayoshi Tsuhashi ပါ။ ဆူဟာရှီက အရပ်အမြင့် ၅ပေ ၁၀ လက်မရှိပြီး သူဟာ မွေထိုင်းပွဲ ၇ ပွဲထိုးထားရာမှာ ၄ ပွဲအထိ ရှုံးထားပါတယ်။

သန့်ဇင်ရဲ့ ပြိုင်ဘက်က အသက် ၂၈ နှစ်အရွယ် ထိုင်းနိုင်ငံသား ဂျိုင်ဆင်း ဖြစ်ပြီး အရပ်က ၅ ပေ ၅ လက်မရှိသလို One Championship မှာ ၃ ပွဲထိုးသတ်ထားပြီး ၂ ပွဲနိုင် ၁ ပွဲရှုံးထားသူပါ။

အစွယ်ချွန်လို့ နယ်ကျွံပေမဲ့ နယ်မြေသစ်မှာ ပထမဆုံးထိုးသတ်မဲ့သံမဏိစိုးလင်းဦးဟာ ခြေလှမ်းအစမှာ အောက်ပွဲနဲ့ စထိုးရပေမဲ့ ဘယ်လောက်အထိ မြန်မာ့ဂုဏ်ဆောင်နိုင်မလဲဆိုတာတော့….။

Leave a Reply

Your email address will not be published. Required fields are marked *