၁၃. ၂. ၂၀၂၄
Written By Thandar

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဝန်ဆောင်မှုအဆင့်မြင့်ဆုံး Yoma OUE ပန်းလှိုင်ဆေးရုံနဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီအခြေစိုက် Apollo ဆေးရုံတို့ သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ရက် နေ့လည်ပိုင်းက လှိုင်သာယာမြို့နယ်ရှိ Awei Metta ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပြီး Yoma OUE ပန်းလှိုင်ဆေးရုံရဲ့ CEO ဖြစ်သူ Dr. Greshu Paul နဲ့ Group Oncology & International at Apollo Hospital Enterprise Ltd, က President ဖြစ်သူ Mr. Dinesh Madhavan တို့က သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

“Apollo ဆေးရုံနဲ့ ပန်းလှိုင်ဆေးရုံတို့ရဲ့ ထပ်တူရည်ရွယ် ချက်ဟာ ကျန်းမာရေးကုသမှုခံယူမယ့် မြန်မာနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက လူနာတွေကို ခေတ်မီအဆင့်မြင့် နောက်ဆုံးပေါ်ကျန်းမာရေးကုထုံးတွေနဲ့ ဝန်ဆောင်မှု ပေးနိုင်ဖို့အတွက်ပါလို့ အလေးအနက် ပြောကြားခဲ့ပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်မှုဟာ ကျန်းမာရေးကုသမှုခံယူမယ့် မြန်မာနိုင်ငံမှ လူနာတွေအတွက် ကျွမ်းကျင်ပညာရှင်တွေ၊ အဆင့်မြင့်နည်းပညာတွေနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကွန်ရက်တို့ကို ပံ့ပိုးပေးနိုင်မယ့်အကြောင်း မီးမောင်းထိုး ပြောပြခဲ့ပါတယ်”လို့ Mr. Dinesh Madhavan က ပြောပါတယ်။

Yoma OUE ပန်းလှိုင်ဆေးရုံနဲ့ Apollo ဆေးရုံတို့ကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာနိုင်ငံအတွက် အဆင့်မြင့် ကျန်းမာရေး ဝန်ဆောင်မှုများကို ပိုမိုပေးစွမ်းနိုင်ဖို့ဖြစ်ပါတယ်။ ပန်းလှိုင်ဆေးရုံက ကျန်းမာရေး ဝန်ထမ်းများရဲ့ ကျွမ်းကျင်မှုနဲ့ ဗဟုသုတကို အခုထက်ပိုမိုတိုးပွားလာစေပြီး ပိုမိုမြင့်မားတဲ့ အရည်အသွေးမြင့် ကျန်းမာရေးဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန် မျှော်လင့်တာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *