၁၃.၂.၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကမာကြည်တံတားအနီး ငမိုးရိပ်ချောင်းထဲတွင် ဖေဖော်ဝါရီ ၁၂ ရက် ညနေပိုင်းက အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြောင်း ကယ်ဆယ်ရေး ဆောင် ရွက်သူများထံမှ သိရသည်။

သေဆုံးသူတွင် ဘယ်ဘက်လက်ဖျံနှင့် ကျောကုန်း၌ တက်တူးများပါရှိပြီး လွန်ခဲ့သော ၆ ရက်ခန့်ကတည်းက ရေနစ်သေဆုံးခဲ့သူဖြစ်ကာ အလောင်းမှာပုပ်ပွနေသဖြင့် အရေပြားများ ကွာကျနေကြောင်း သိရသည်။

ရေနစ်သေဆုံးသူကို ပရဟိတအဖွဲ့ဝင် ၁၀ ဦးခန့်က သုဝဏ္ဏ(င/က)ရပ်ကွက်အတွင်းမှ ချောင်းကမ်းနားသို့ ဆယ်တင်ကာ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ငမိုးရိပ်ချောင်းထဲ အလောင်းတွေ့ရှိမှုနှင့်ပတ်သက်၍ သုဝဏ္ဏ ပရဟိတအသင်းနှင့်အတူ ရှင်သန်ခွင့်လူမှုကူညီရေးအသင်း၊ 7 Day လူမှုကူညီရေးအသင်း၊ ရှင်သန်ရေးကူညီမှုအသင်း၊ တူညီသောတွဲလက်များအသင်းတို့ ပူးပေါင်းကာ ဆယ်ယူ ကူညီခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *