၁၂. ၂. ၂၀၂၄
Written by Thettant

မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး ရာစ်မတ်စ်ဟွိုင်လန်းဟာ ပရီးမီးယားလိဂ်မှာ ငါးပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဒုတိယမြောက်အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ဟွိုင်လန်းဟာ ပရီးမီးယားလိဂ်မှာ ကန်ခဲ့ရတဲ့ ပထမဆုံး ၁၄ ပွဲစလုံး ဂိုးမသွင်းနိုင်တာကြောင့် ဂျင်းမိပြီလို့ လှောင်ပြောင်သရော်ခံခဲ့ရပေမဲ့ သူ့ရဲ့ နောက်ဆုံး ငါးပွဲဆက်မှာ ငါးဂိုးသွင်းယူနိုင်ခဲ့တဲ့အပြင် နှစ်ဂိုး ဖန်တီးပေးထားပါတယ်။

ဟွိုင်လန်းအရင် အသက်အငယ်ဆုံးဂိုးသွင်းစံချိန်ရှင်ကတော့ PSG၊ အာဆင်နယ်၊ ရီးရဲ၊ လီဗာပူး၊ မန်စီးတီးစတဲ့ ထိပ်တန်းအသင်းကြီးတွေမှာ ကစားခဲ့တဲ့ အနယ်လ်ကာဖြစ်ပြီး ၁၉၉၈ ခုနှစ်အကုန်အတွင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၉၉၈ – ၁၉၉၉ ရာသီမှာ အသက် ၁၉ နှစ် ၂၃၉ ရက်နဲ့ စံချိန်တင်ထားတာဖြစ်ပြီး ဟွိုင်လန်းကတော့ ပရီးမီးယားလိဂ်မှာ ငါးပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဒုတိယမြောက်အသက်အငယ်ဆုံးကစားသမားဖြစ်လာချိန်မှာ ၂၁ နှစ် ၇ ရက်နဲ့ စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဝက်စ်ဟမ်းကို နိုင်ခဲ့တဲ့ပွဲမှာလည်း ဟွိုင်လန်းဟာ အနိုင်ဂိုးသွင်းပြီး မန်ယူအသင်းအတွက် အသက်အငယ်ဆုံးလေးပွဲဆက်ဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့သလို ဂျင်းမဟုတ်တော့တဲ့ တောက်မဲ့မီးခဲလေးဟာ ဘယ်လောက်အထိ ဆက်လက်တောက်ပလာမလဲဆိုတာတော့….။

Leave a Reply

Your email address will not be published. Required fields are marked *