စီးပွားကူးသန်းဝန်ကြီးနှင့် ဂျပန်မြန်မာချစ်ကြည်ရေးအသင်းတို့ ဆွေးနွေးစဥ်

၂.၁၂.၂၀၀၂

Written by Myo Khine

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် ဂျပန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရေးအတွက် ဂျပန်-မြန်မာ ယဉ်ကျေးမှု မြှင့်တင်ရေးအသင်းနှင့် ဆွေးနွေးခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက MT News သို့ ပြောကြားသည်။

“အဓိက ဆွေးနွေးတာက လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေးနဲ့ မြန်မာ့ပို့ကုန်များ ပိုမိုတင်ပို့နိုင်မယ့် နည်းလမ်းတွေ ရှာဖွေရေးပါ”ဟု ၎င်းကပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. Fumio USUI ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး အဆိုပါဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။

ထို့အပြင် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးအပြင် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရေး နှင့် မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေး ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *