၁.၁၂. ၂၀၂၂
MT News Editorial

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်တော့မည်ဖြစ်သလို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားတွင်လည်း ဘင်္ဂလားဒေ့ရှ်ဘက်က အကြမ်းဖက်သမားများကို လက်ခံတော့မည်မဟုတ်ဘဲ ရှင်းလင်းဖယ်ရှားတော့မည့်အပြင် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ ပူးပေါင်းကင်းလှည့်ရန်ပင် ပြင်ဆင်နေပြီဖြစ်သည်။

အကြမ်းဖက်မှုများအား ထိုသို့တိုက်ဖျက်ရန် လုပ်ဆောင်လာနေချိန်တွင် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ လူအများကြား ခံယူချက်မှားနေသော အမြင်တစ်ခုအား MT News သတင်းဌာနအနေဖြင့် အကြံပြု ထောက်ပြလိုပါသည်။

ထိုအချက်မှာ လူတစ်စုဆန္ဒပြနေချိန် လုံခြုံရေးတပ်ဖွဲ့အား တိုက်ခိုက်မည်ဆိုပါက တိုက်ခိုက်သည့်အခြေအနေအလိုက် လုံခြုံရေးတပ်ဖွဲ့က ထိန်းချုပ်ရန် ကြိုးစားမည်ဖြစ်သည်။ ထိုသို့ ကြိုးစားပါက အဝေးမှ ပစ်ပေါက်တိုက်ခိုက်နိုင်သည့် လက်နက်များပါဝင်လာပါက သက်ဆိုင်ရာတာဝန်ရှိသူများကလည်း အဝေးမှပင် ပစ်ခတ်နှိမ်နင်းထိန်းချုပ်ရန် ကြိုးစားမည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများ၏ မည်သည့်ဆန္ဒပြပွဲတွင်မဆို တာဝန်ရှိသူများအား ပစ်ခတ်တိုက်ခိုက်လာပါက တုန့်ပြန်ချေမှုန်းကြရာ ဆန္ဒပြသူများ ထိခိုက်သေဆုံးမှု ရှိတတ်သည်ကို ကမ္ဘာ့သတင်းမီဒီယာများတွင် တွေ့မြင်ရမည်ဖြစ်သည်။

ထိုသို့ ဆန္ဒပြသူများက တာဝန်ရှိသူများကို မျက်နှာချင်းဆိုင် ရန်ပြုတိုက်ခိုက်၍ တာဝန်ရှိသူများက ပစ်ခတ်နှိမ်နင်းချိန် သေဆုံးရမှုမှာ အကြမ်းဖက်မှု၊ အဓမ္မမှုဟု အမည်တပ်ကာ လက်နက်ကိုင်တိုက်ခိုက်လာသူများသည် ထိုသို့သော အပြုအမူများကို ကိုယ်တိုင်မကျုးလွန်ရန် လိုအပ်မည်ဖြစ်သည်။

လက်ရှိအချိန်တွင် သံဃာများ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဆရာဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကလေးသူငယ်များသည် လက်နက်ကိုင်လူတချို့က သူလျှို၊ ဒလန်၊ အစိုးရယန္တရားလည်ပတ်အောင်ပြုလုပ်ပေးနေသည်ဆိုသည့် စွပ်စွဲချက်များစွာဖြင့် အလစ်အငိုက်တွင် သတ်ဖြတ်ခံနေရသည်မှာ လူဦးရေ ၄၁၀၀ ကျော်လုပြီဖြစ်သည်။

ထိပ်တိုက်ဆန္ဒပြကာ တိုက်ခိုက်နေသူများကို ပစ်ခတ်နှိမ်နင်းမှုမှာ မတရားလုပ်ခြင်းဖြစ်သည်ဟု ရင်နင့်ကြေကွဲစွာ ငိုပွဲဆင်ရင်း လက်နက်ကိုင်တော်လှန်ခဲ့သူများသည် လက်နက်ဟူ၍ အပ်တိုတစ်ချောင်းပင်မပါသော သာမန်ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများအား အလစ်အငိုက်တွင် သူလျှို၊ ဒလန်၊ အစိုးရ ယန္တရားလည်ပတ်အောင်ပြုလုပ်ပေးနေသည်ဟု စွပ်စွဲချက်များဖြင့် လုပ်ကြံသတ်ဖြတ်နေသည်မှာ မှန်သောလုပ်ရပ်မဟုတ်ကြောင်းနှင့် အဓမ္မသာဖြစ်ကြောင်း အကြမ်းဖက်မှုသာဖြစ်ရျ် ပြည်သူအားလုံးက ထိုလုပ်ရပ်များအပေါ် လုံး၀ လက်မခံသောမူများဖြင့် တုန့်ပြန်သင့်ပါကြောင်း MT Nes သတင်းဌာနက အကြံပြုရေးသားလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *