The Grand Wedding Fair 2022 ကျင်းပမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းနေမှုကို တွေ့ရစဥ်

MT News

Written by Naddy

မင်္ဂလာမောင်နှံများအတွက် အခမ်းနားဆုံးနှင့် အလှပဆုံး ကျင်းပသွားမည့် The Grand Wedding Fair 2022 ပွဲကြီးအား လာမည့် ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်တွင် Wyndham Grand Yangon Hotel ၌ ကျင်းပမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁ ရက်က ကျင်းပသည့် စာနယ်ဇင်းမိတ်ဆက်ပွဲမှ သိရသည်။

The Grand Wedding Fair 2022 ပွဲကို မိတ်ကပ် လင်းလင်း၊ ဒီဇိုင်နာ ဖြိုးကို Extraordinary Fashion, Wedding Planner and Floral ပညာရှင်မာမီကျော် (Malaysia), Myanmar Infinity Power မကစ် (Creative Structure), Forever One Stop Wedding Service & Planning တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

“ကျွန်မတို့ Wedding Fair ပွဲမှာ ပါဝင်ကြတဲ့ ရင်ခုန်ဖွယ်ရာက Up to 30 (၃၀ ရာခိုင်နှုန်း) အထိ အမြင့်ဆုံး လျှော့ဈေးပေးထားပါတယ်။ မင်္ဂလာဆောင်မယ်ဆိုရင် တစ်နှစ်ကြိုပြင်ကြတယ်။ ဒါကြောင့် ဒီဇင်ဘာမှာစီစဉ်လိုက်တာပါ။ နာမည်ကြီး Artist တွေ တွေ့ဆုံနိုင်အောင် Wedding Fair ကျင်းပတာပါ။ နာမည်ကြီး မော်ဒယ်လ်တွေကို မိတ်ကပ်အလှဆင်ယင်ထုံးဖွဲ့မှုတွေလုပ်ပေးမှာပါ “ဟု မိတ်ကပ်ပညာရှင် လင်းလင်းက ပြောသည်။

မင်္ဂလာပွဲတစ်ခုဖြစ်မြောက်ရေးအတွက် လိုအပ်သည့် ဝန်ဆောင်မှုမျိုးစုံ ပါဝင်ပြသမည့် အဆိုပါပွဲကို မနက်၁၀ နာရီမှ ညနေ ၆ နာရီအတွင်း Wyndham Grand Yangon Hotel ရှိ Amarapura Grand Ballroom (Level-3) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားဖြစ်ကြောင်း သိရသည်။ ထိုပွဲကြီးတွင် Wyndham Grand Yangon Hotel မှလည်း Up to 15 (၁၅ ရာခိုင်နှုန်း) အထိ မင်္ဂလာမောင်နှံများကို ကျေးဇူးတုံ့ပြန်သွားမည်ဖြစ်သည်။

အဆိုပါပွဲတွင် မေတ္တာလက်ဆောင် အထူးခံစားခွင့်များနှင့်အတူ Lucky Draw အစီအစဉ်များ Wyndham Hotels & Resorts များဖြစ်ကြသည့် Wyndham Casablanca Jakarta ၊ Wyndham Garden Hanoi ၊ Chaung Tha Lodge ဟိုတယ်ကြီးများသို့ Honeymoon သွားရောက်တည်းခိုခွင့်ရရှိမည့် ဆုကြီးများအပြင် Ar Yu International Hospital မှ ပေးအပ်သော Couple Health Checkup စသည့် စိတ်လှုပ်ရှားဖွယ် ဆုမဲပေါင်းများစွာကိုလည်း ပေးအပ်သွားမည်ဖြစ်သည်။

ယင်းအ​ပြင် The Grand Wedding Fair နှစ်ရက်တာအတွင်း လာရောက်ကြမည့် မင်္ဂလာမောင်မယ်များအနက် ဟိုတယ်သို့ ပထမဆုံးလာရောက်ဝယ်ယူသူ ကံထူးရှင်စုံတွဲ ၁၀ တွဲအား LED Screen အသုံးပြုခွင့်လက်ဆောင်များနှင့် အထူးခြားဆုံး လက်ဆောင်မွန်များချီးမြှင့်ပေးသွားမည် ဖြစ်သည်။

ထို့ပြင် Angelic Bridal Show ကိုလည်း ဒီဇင်ဘာ၄ ရက် ညနေ ၅နာရီတွင် ပြသမည်ဖြစ်သည်ဟု ဒီဇိုင်နာဖြိုးကို (Extraordinary Fashion) က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *