၁. ၁၂. ၂၀၂၂
Written by Htwe Ko Tun

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ယူကရိန်းဒုက္ခသည် သန်းချီ လက်ခံခဲ့ရသည့် ပိုလန်နိုင်ငံအတွင်း စစ်ပြေးဒုက္ခသည်များကြောင့် HIV ပိုးတွေ့ ရှိသူ မြင့်တက်လာခဲ့သည်။

ပိုလန်နိုင်ငံ၏ ဆရာဝန်များက နိုင်ငံအတွင်း HIV ပိုးတွေ့ရှိသူများ ရုတ်တရက်မြင့်တက်လာနေခြင်းကြောင့် နိုင်ငံ၏ကျန်းမာရေးဆေးဘက်ဆိုင်ရာ အခြေခံအဆောက်အအုံမှာ ကြီးမားစွာဖိအားပေးမှုခံနေရကြောင်းသတိပေးပြောကြားခဲ့ကြသည်။ ၎င်းတို့က ရောဂါအတွက် စစ်ဆေးစမ်းသပ်မှုကိရိယာများ ချိုတဲ့ခြင်းကြောင့် အခြေအနေမှာဆိုးဝါးလာနေရကြောင်းလည်း ဆိုခဲ့ကြသည်။

အောက်တိုဘာလအကုန်အထိ ပိုလန်နိုင်ငံအတွင်း အိတ်ချ်အိုင်ဗီပိုးကူးစက်ခံရသူ ၁,၉၁ဝ ဦးတွေ့ရှိခဲ့သည်။ ၂၀၀၂ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ ပိုးကူးစက်ခံရသူ ၁ဝ၅၆ ဦးတွေ့ရှိခဲ့ရာမှ မြင့်တက်လာခြင်းလည်းဖြစ်သည်။ ၂၀၂၁ ခုနှစ်အတွင်းက ပိုးကူးစက်ခံရသူ ၅၆၁ ဦးသာရှိခဲ့သည်။ ပိုလန်မီဒီယာများက ထိုစာရင်းဇယားများမှာ ပြည်သူတို့ ကျန်းမာရေးကို သတိပေးနေကြောင်း ဖော်ပြခဲ့ကြသည်။

အဆိုပါ HIV ပိုးကူးစက်ခံရကြောင်း တွေ့ရှိသူများအနက်အချို့မှာ ယူကရိန်းနိုင်ငံမှ ဝင်ရောက်လာသော စစ်ပြေးဒုက္ခသည်များနှင့် ဆက်စပ်နေသည်ဟုလည်းသိရသည်။ ပိုးကူးစက်ခံရသူများတွင် ခြောက်ဦးအနက်တစ်ဦးမှာ ယူကရိန်းမှဝင်ရောက်လာသော စစ်ပြေးဒုက္ခသည်ဖြစ်ကြောင်း စာရင်းဇယားများက ဆိုသည်။

ကုလသမဂ္ဂ ဒုက္ခသည်များမဟာမင်းကြီးကော်မရှင်၏ ပြောကြားချက်အရ ရုရှားနိုင်ငံက ယူကရိန်းသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သော စစ်ဘက်အထူးစစ်ဆင်ရေးကို စတင်ခဲ့သည်မှစ၍ ပိုလန်နိုင်ငံက ဒုက္ခသည် ၁ ဒသမ ၄ သန်း လက်ခံခဲ့ရကြောင်း၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ၂၄ ရက်မှ အောက်တိုဘာလ ၄ ရက် အထိ ယူကရိန်းပြည်သူ ၇ ဒသမ ၅ သန်းခန့် ထွက်ပြေးခဲ့ကြကြောင်းလည်း သိရသည်။

Ref— Sputnik news

Leave a Reply

Your email address will not be published. Required fields are marked *