MT News

Written by Thettant

ATM စက်တစ်လုံးတွင် ကျပ် သိန်း ၈၈၀ ပါဝင်ပြီး စုစုပေါင်း ကျပ်သိန်း ၁၇၆၀ ပါဝင်သည့် ရိုးမဘဏ်၏ ATM စက် ၂ လုံးနှင့် မော်တော်ယာဉ်တစ်စီး ငါန်းဇွန်မြို့နယ်တွင် လုယက်ခံရသည်ဟု သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ၃၀ရက်နေ့ နံနက်ပိုင်းတွင် အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ YOMA BANK မှ ဘဏ်ဝန်ထမ်း ဦးကောင်းဆက်သူနှင့် ဦးထက်ပိုင်စိုးတို့ ၂ ဦးသည် မြို့ သာစက်မှုဇုန်ရှိ “De Huse Company”မှ ကုမ္ပဏီဝန်ထမ်းများအား လုပ်အားခလစာများ ထုတ်ပေးနိုင်ရန်အတွက် ATM စက်တစ်လုံးလျင် ငွေကျပ်သိန်း ၈၈၀ စီထည့်ထားသည့် ATM စက် ၂ လုံးအား ဘဏ်မှယာဉ်မောင်းဖြစ်သူ ဦးသန်းဖြိုးအောင် မောင်းနှင်သည့် MDY 5R/9902 Diner Box မော်တော်ယာဉ်ပေါ်တင်ဆောင်ကာ မြို့သာ-တံတားဦးကားလမ်းအတိုင်း ထွက်ခွာလာခဲ့ရာ နံနက် ၈ နာရီခွဲအချိန် ငါန်းဇွန်မြို့နယ်၊ ထန်းတပင်ကျေးရွာအနီးအရောက်၌ PDF ၆ ဦးက ဆိုင်ကယ် ၃ စီးဖြင့် လမ်းအားပိတ်ရပ်ကာ မော်တော်ယာဉ်အားတားဆီးပြီး ဦးကောင်းဆက်သူတို့ ၃ ဦးအား သေနတ်များဖြင့် ခြိမ်းခြောက်၍ ယာဉ်ပေါ်မှ ဆင်းခိုင်းကာ မော်တော်ယာဉ်နှင့် ငွေကျပ်သိန်း ၁၇၆၀ ပါ ATM စက် ၂ လုံးတို့အား ဓားပြတိုက်လုယက် ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဓားပြတိုက် လုယက်ယူဆောင်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များကလိုအပ်သော ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *