April 25, 2024

၃၀. ၁၁. ၂၀၂၂
Written by Nay Moe

တောင်ဒဂုံမြို့နယ်အား အခြေပြုကာ လုပ်ကြံတိုက်ခိုက်မှုများ ပြုလုပ်နေသည့် ဒဂုံတောင်မြို့​ပြပြောက်ကျား တပ်ဖွဲ့ (S.D.G.F)ဝင်များ အောက်တိုဘာနှင့် နိုဝင်ဘာ နှစ်လအတွင်း ဖမ်းဆီးခံလိုက်ရပြီး ကျန်သူများ မြို့ပြမှ တိမ်းရှောင်နေရကာ တော်လှန်ရေးတွင် ကျရာနေရာမှ ဆက်လက်ပါဝင်မည်ဟု ယနေ့ညတွင် ​ကြေညာသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာနှင့်နိုဝင်ဘာလအတွင်း ဒဂုံတောင်မြို့ပြပျောက်ကြားတပ်ဖွဲ့ (S.D.G.F) အဖွဲ့ဝင်ရဲဘော်များအား ဖမ်းဆီး၊ထိန်းသိမ်းခြင်းခံခဲ့ရပြီး S.D.G.Fတပ်ဖွဲ့၏ မြေပြင်တာဝန်ခံအပါအဝင် အဖွဲ့ဝင်ရဲဘော်များအား ရန်သူမှ အလစ်အငိုက်ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ မြေပြင်တာဝန်ခံအား ဖမ်းဆီးထိန်းသိမ်းခံရသည့်အချိန်မှ ယနေ့အထိ သတင်းအဆက်အသွယ်တစ်စုံတစ်ရာ မရသောကြောင့်စိုးရိမ်ရသည့်အခြေအနေတစ်ခုတွင်ရှိသည်ဟုလည်း ဆိုသည်။

လက်ရှိတွင် ကျန်ရှိသော အဖွဲ့ဝင်များသည်လည်း လွတ်မြောက်ဘေးကင်းရာ နေရာအသီးသီးသို့ တိမ်းရှောင် ရောက်ရှိသွားပြီး ကျရာနေရာမှဆက်လက်ပါဝင်တော်လှန်သွားမည်ဖြစ်သည်ဟု ဆိုသည်။

S.D.G.F အဖွဲ့သည် ရန်ကုန်မြို့ပြတွင် လုပ်ကြံသတ်ဖြတ်မှုများနှင့် ဗုံးခွဲမှုများ မကြာခဏလုပ်​ဆောင်နေသည့်အဖွဲ့ဖြစ်ပြီး ပြီးခဲ့သည့် မေလ ၆ ရက်က တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူနှင့် မြေးဖြစ်သူကို သေနတ်ဖြင့် ဆယ်ချက်ပစ်၍ သတ်ဖြတ်ခြင်း၊ ဩဂုတ် ၁ ရက်တွင် တောင်ဒဂုံ ၂၅ ရပ်ကွက်ရာအိမ်မှူးအား သတ်ဖြတ်ခြင်း၊ စက်တင်ဘာ ၂၉ ရက်တွင် ရာအိမ်မှူးတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ခြင်းများအပါအဝင် လုပ်ကြံသတ်ဖြတ်မှုများနှင့် ဗုံးခွဲမှုအများအပြားပြုလုပ်ထားသည့် အဖွဲ့ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *