MT News

Written By Thandar

အူရီဒူးမြန်မာရဲ့ ကမ္ဘာ့အဆင့်မီ eSIM ဝန်ဆောင်မှု မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ Novotel Yangon Max Hotel မှာ ကျင်းပခဲ့ရာ အနုပညာရှင်တွေဖြစ်တဲ့ အဆိုတော် ဘန်နီဖြိုး၊ ထပ်ဆင့်အကယ်ဒမီဖွေးဖွေး၊ အဆိုတော် စုလှိုင်နဲ့အနုပညာရှင်တချို့ တက်ရောက်ခဲ့ပါတယ်။

အဆိုပါ eSIM ကို နိုင်ငံပေါင်း ၁၁၈ နိုင်ငံမှာ International Roaming ဝန်ဆောင်မှုနဲ့ အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အူရီဒူးသုံးစွဲသူများအနေနဲ့ eSIM ကို အခမဲ့ အဆင့်မြှင့်တင်နိုင်မှာဖြစ်သလို နံပါတ်သစ်ဝယ်ယူရာမှာလည်း ထပ်တိုးကုန်ကျစရိတ်မရှိဘဲ ပုံမှန်ဆင်းမ်ကတ်နှုန်းထားအတိုင်း ဝယ်ယူရရှိနိုင်ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် နံပါတ်သစ်ဝယ်ယူခြင်းနဲ့ အဆင့်မြှင့်တင်ခြင်းတွေအတွက် အရောင်းဆိုင်ကိုသွားစရာမလိုဘဲ ဒစ်ဂျစ်တယ်စနစ်နဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *