MT News
၂၆. ၁၁. ၂၀၂၂

ဆီနီဂေါအသင်းကိုရှုံးနိမ့်လို့ အိမ်ရှင်ကာတာတို့ အုပ်စုအဆင့်ကနေ ထွက်ခွာရဖို့ ကျိန်းသေသွားခဲ့ပါတယ်။ ဝေးလ်စ်ကလည်း အီရန်ကိုရှုံးပြီး အင်္ဂလန်က အမေရိကန်ကို သရေကျခဲ့လို့ ဝေးလ်စ်လည်း အုပ်စုက ထွက်ရဖို့ နီးစပ်သွားပါပြီ။

၂၀၂၂ ကမ္ဘာ့ဖလားဟာ ကမောက်ကမတွေနဲ့ ဘယ်သူမှမထင်ထားတဲ့ ရလဒ်တွေ ထွက်နေခဲ့သလို ဒီနေ့ပွဲတွေမှာလည်း ဘယ်လိုမှ ထင်မှတ်မထားတဲ့ ရလဒ်တွေ ထွက်လာဖို့ ရှိနေတာကြောင့် သတိပြုသင့်ပါတယ်လို့ အကြံပြုရင်း ဒီနေ့မှာ ကစားမယ့် အုပ်စုအဆင့် ပွဲစဉ်လေးပွဲကို MT News ဘောလုံးပရိသတ်တွေအတွက် ပွဲကြိုသုံးသပ်ပေးလိုက်ရပါတယ်။
…….

တူနီးရှား – သြစတြေးလျ

မာကြီးရှည်ဆိုတာ တူနီးရှားပါ။ ခေါင်းတိုက် ဘောသာတာ လူ ကောင်ကြီးတာ သူ့အားသာချက်ပါ။ ဒိန်းမတ်ကို သ ရေကန်ခဲ့တာမို့ တူနီးရှားကရှယ် ကောင်း နေပါတယ်။

သြစတြေးလျက နောက်ပိုင်းမှာ ခြေကျလာပါတယ်။ အာရှအသင်းတွေကို အနိုင်ရထားတဲ့အပြင် ခံစစ်မှားနေတဲ့ ဩစတြေးလျ အသင်းကို တူနီးရှားအနိုင်ရမှာပါ။

ရွေးချယ်မှု – တူနီးရှား
…….

ပိုလန် – ဆော်ဒီအာ ရေဗျ

ပိုလန်က လီဝန် ဒေါစကီးကလွဲရင် ကျန်တာက သက်ကြီးပိုင်းနဲ့ ခြေကျနေတဲ့ သူတွေများပါတယ်။ ရာသီဥတုနဲ့ပတ်သက်ပြီး ပိုလန်က မောပန်းသူတွေများပြီး အမောဖောက်မပြေးနိုင်တဲ့ သက်ကြီးပိုင်း တွေများနေတာ တွေ့ရမှာပါ။ ဆော်ဒီက အာဂျင်တီးနားကို နိုင်ထားလို့ တက်ကြွနေပါတယ်။ ဆော်ဒီ သ ရေနဲ့အနိုင်ဆိုတာ ရွေးလိုက်တာ မမှားပါဘူး။

ရွေးချယ်မှု – ဆော်ဒီအာရေဗျ
…….

ပြင်သစ် – ဒိန်းမတ်

ပြင်သစ်က အဓိကသစားသမားတချို့ ပါမလာပေမယ့် သာသာယာယာ အုပ်စုတက်မှာပါ။ ဒိန်းမတ်ကတော့ ဖိုက်တာ တွေက အသက်ကြီးပိုင်းတွေမို့ ကျချိန်တန်ပါပြီ။ အချိန်တန် အိမ် စော စောပြန်သင့်တာ ကောင်းတဲ့ ဒိန်းမတ်တို့ ပြင်သစ်ကို အရှုံး ပေးရမှာပါ။

ရွေးချယ်မှု – ပြင်သစ်နှင့်ဂိုး အောက်
…….

အာဂျင်တီးနား – မက္ကဆီကို

နာမည်ကြီး အာဂျင်တီးနား တိုင်ပတ်နေကျမို့လို့ ဒီနှစ်မှာလည်း ပထမဆုံးအုပ်စုပွဲရှုံးရတဲ့ ကမ္ဘာ့ဖလားက သူ့အတွက် မထူးဆန်းတော့ပါဘူး။ မက္ကဆီကိုက ရှေ့တန်းမကောင်းပေမယ့် ပိတ်ဆော့မှာပါ။ သ ရေတောင် ကျလို့ မရတဲ့ အာဂျင်တီးနားက မက္ကဆီကိုဟာ သူ့ငယ်နိုင်မို့လို့ အနိုင်ကန်မှာပါ။ ဂိုး အောက်ကာထားပါ။

ရွေးချယ်မှု – အာဂျင်တီးနား
…….

Leave a Reply

Your email address will not be published. Required fields are marked *