MT News

Written by Naing Thuta

မန္တလေးမြန်မာ့ကျောက်မျက်ရုံးခွဲတွင် ငွေကျပ် ၁၈၂ သိန်းအား လုံခြုံရေးဝန်ထမ်းတစ်ဦးက ခိုးယူထွက်ပြေးသွားခဲ့ရာ ၁၀ ရက်ကျော်မှ သက်သေခံငွေများနှင့်အတူ နိုဝင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက ပြန်လည်ဖမ်းဆီးရမိကြောင်း ကနဦးသိရသည်။

“တရားခံနဲ့အတူ သက်သေခံငွေတွေပါ အခုညနေပိုင်းကပဲပြန်မိသွားခဲ့ပါပြီ။ အဲဒီကလေးနဲ့အတူ အခြားလူလည်းပါနေသေးတယ်။ သူတို့ကို လူမှုရေးအခြအနေအရ မပြောတော့ပါဘူး။ ကျန်တဲ့အပိုင်းကိုတော့ သတ်ဆိုင်ရာကိုပဲ အပ်လိုက်တော့မယ်။ မိဘပြည်သူများကြောင့် တရားခံကိုဖမ်းမိခဲ့တာဖြစ်လို့ ကူညီပေးတဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု မအေးမြတ်မွန်မှ MT News ကို နိုဝင်ဘာ ၂၄ ရက်နေ့က ပြောပြသည်။

ဖြစ်စဉ်အသေးစိတ်အား နိုဝင်ဘာ ၂၄ ရက်နေ့ နေ့လည်ပိုင်းက မိမိတို့သတင်းဌာနအနေဖြင့် တင်ပြထားပြီးဖြစ်ကြောင်းနှင့် အဆိုပါ ၁၀ ရက်ကျော်ကြာအောင် အေးစက်နေသည့် အမှုတစ်ခုအား လူမှုကွန်ယက်ပေါ်တွင် ၎င်း၏မိတ်ဆွေများနှင့် မီဒီယာများအား အကူအညီတောင်းခံခဲ့ပြီး တင်ပေးခဲ့ခြင်းကြောင့် နေ့ချင်း တရားခံနှင့်သက်သေခံပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ဆိုသည်။

ပိုက်ဆံခိုးသွားသော တရားခံများအား သက်ဆိုင်ရာမှလည်း လုပ်ထုံးလုပ်နည်းအတိုင်း အရေးယူဆောင်ရွက်သွားမည်ဟုလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *