၃၀. ၁၂. ၂၀၂၃

Written by MMAK

◾ဗီလာ Vs ဘန်လေ

ဘန်လေရဲ့ခြေစွမ်း မတည်ငြိမ်တဲ့အတွက် မှန်းဆရခက်ခဲသလို အဝေးကွင်းခံစစ်ကလည်း စိတ်မချရပါဘူး။ ဗီလာ နောက်ဆုံး နှစ်ပွဲဆက် အမှတ်တွေလျော့ခဲ့တာ ဖြစ်တဲ့အတွက် ဒီပွဲမှာတော့ အနိုင်သုံးမှတ်ရဖို့ သေချာပြင်ဆင်ထားမှာ ဖြစ်ပါတယ်။ အိမ်ရှင် ဗီလာ ဘော်ဒီကြေးတစ်လုံးငါးဆယ် အရှုံး ဂိုးပေါင်းကြေးက သုံးလုံး နှစ်ဆယ် အရှုံးဖြစ်ပါတယ်။ အိမ်ကွင်းပွဲစဉ်တွေမှာ ရာနှုန်းပြည့် နိုင်ပွဲရထားတဲ့ ဗီလာအသင်း မထင်မှတ်ဘဲ ရှက်ဖီးကို သရေကျခဲ့တာကြောင့် ဒီပွဲစဉ်မှာ အမှားခံမယ် မထင်ပါဘူး။ နှစ်ကုန် နောက်ဆုံး အိမ်ကွင်းပွဲမှာ အနိုင်နဲ့ ပိတ်သိမ်းဖို့ ကြိုးစားလာမှာဖြစ်တဲ့ ဗီလာကို ရွေးချယ် ထားရမှာ ဖြစ်ပါတယ်။

◾ ပဲလေ့စ် Vs ဘရန့်ဖို့်

ဘရန့်ဖို့ရဲ့ အဓိကကစားသမားတွေ ဒဏ်ရာရ ပွဲပယ်ခံထားရပြီးနောက်ပိုင်း ခြေစွမ်း တော်တော်ကျဆင်းလာတာ တွေ့ရပါတယ်။ ပဲလေ့စ်ကတော့ နိုင်ပွဲပျောက်နေတာ ရှစ်ပွဲဆက်ရှိနေပါပြီ။ လန်ဒန်ဒါဘီ ပွဲစဉ်ဖြစ်သလို နိုင်ပွဲပြန်လည်ရှာဖွေရမဲ့ နှစ်သင်းဖြစ်ပါတယ်။ အိမ်ရှင် အသင်းက ပြားငါးဆယ် အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံး လေးဆယ် အရှုံးဖြစ်ပါတယ်။ ဘရန့်ဖို့အသင်း အဓိကကစားသမားတွေ မပါနိုင်သလို ခြေစွမ်းအကျဘက် ရောက်နေပြီး အဝေးကွင်း ခြေစွမ်းလည်း ညံ့ပါတယ်။ နိုင်ပွဲပျောက်နေတဲ့ ပလေ့စ် အိမ်ကွင်းနိုင်ပွဲ အတွက် အသည်းအသန် ရုန်းကုန်လာမှာ ဖြစ်တယ်။ အိမ်ရှင် ပဲလေ့စ်ကို အပိုင် ရွေးချယ် ထားချင်ပါတယ်။

◾ မန်စီးတီး Vs ရှက်ဖီး

မန်စီးတီးရဲ့ အိမ်ကွင်းမှာတော့ ဇယားအောက်ဆုံးက အသင်း အနေနဲ့ ဘာမှ လုပ်ပြနိုင်စရာမရှိပါဘူး။ မန်စီးတီး ဘော်ဒီကြေး သုံးလုံး ငါးဆယ်စား ဂိုးပေါင်းကြေးက လေးလုံး ရှစ်ဆယ်စားဖြစ်ပါတယ်။ မန်စီးတီး ဂိုးပြတ်သွင်းမှာလား မသွင်းဘူးလားဘဲ စဉ်းစားရမှာ ဖြစ်ပါတယ်။ ရှက်ဖီး ဂိုးရဖို့ မလွယ်ကူဘဲ မန်စီးတီးရဲ့ သွင်းဂိုးတွေကိုသာ မြင်ရဖို့ရှိပါတယ်။ အယ်ဗာရက်၊ ဖိုဒန်၊ ဘာနာဒိုဆေးဗားတို့ ဦးဆောင်လာမဲ့တိုက်စစ်က ခံစစ်ပြဲလွန်းတဲ့ ရှက်ဖီးကို သုံးဂိုးပြတ် သွင်းနိုင်ပါတယ်။ မန်စီးတီးအသင်းကို ရွေးချယ် ထားချင်ပါတယ်။

◾ ဝုဗ် Vs အဲဗာတန်

နောက်ဆုံး နှစ်ပွဲဆက်နိုင်ခဲ့တဲ့ ဝုဗ်နဲ့ စပါး၊ မန်စီးတီးတို့ကို နှစ်ပွဲဆက် အရှုံးပေးခဲ့ရတဲ့ အဲဗာတန်တို့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပါတယ်။ နှစ်ပွဲဆက်ရှုံးပွဲတွေ့ ခဲ့တဲ့ အဲဗာတန်အသင်း ခြေစွမ်းကျဆင်းသွားတာမျိုး မဟုတ်ဘဲ အသင်းကြီးတွေနဲ့ ဖြစ်နေလို့ အရှုံးပေးခဲ့ရတာမျိုး ဖြစ်ပါတယ်။ နှစ်ပွဲဆက် အနိုင်ရထားတဲ့အိမ်ရှင်ဝုဗ် ဆယ်ပြားအရှုံးပေးထားတာဟာ ပျော့ပြောင်းနေသလို ဝုဗ်အနေနဲ့ အနိုင်ရဖို့ မလွယ်ကူတာ ဖြစ်ပါတယ်။ ခြေစွမ်းကောင်းတဲ့ အဲဗာတန် အနိမ့်ဆုံး သရေကစားသွားနိုင်မဲ့ အနေအထားကြောင့် အဲဗာတန်အသင်းကို ရွေးချယ်ထားချင်ပါတယ် ။

◾ နော်တင်ဟန် ဖောရက် Vs မန်ယူ

ပြီးခဲ့တဲ့အပတ်ပွဲစဉ်တွေမှာ နော်တင်ဟန်က အဝေးကွင်းမှာ နယူးကာဆယ်ကို ဂိုးပြတ်အနိုင်ရခဲ့သလို မန်ယူက ဗီလာအသင်းကို နှစ်ဂိုးအရှုံးကနေ သုံးဂိုးပြန်သွင်းပြီး အနိုင်ရခဲ့ပါတယ်။ ဒီနေ့တွေ့ဆုံမှုက ခြေစွမ်းမတည်ငြိမ်တဲ့ အသင်းနှစ်သင်း ထိပ်တိုက် တွေ့ဆုံတာ ဖြစ်ပါတယ်။ အဝေးကွင်းမန်ယူအသင်း ဘော်ဒီကြေး ပြားခြောက်ဆယ် အရှုံး ဂိုးပေါင်းကြေး သုံးလုံး နှစ်ဆယ်စား ဖြစ်ပါတယ်။ ဘော်ဒီကြေး ပျော့နေပေမဲ့ ဂိုးပေါင်း ကြေးမြင့်မားနေတာ တွေ့ရပါတယ်။ နည်းပြအသစ်နဲ့နော်တင်ဟန်ဖောရက် ပြီးခဲ့တဲ့နှစ်ပွဲမှာ ငါးဂိုးသွင်းထားနိုင်တာ တွေ့ရသလို ဒီပွဲမှာလည်း သွင်းဂိုးတွေ ထပ်မြင်ရဖို့ရှိပါတယ်။ မန်ယူအသင်းရဲ့ တိုက်စစ်မှာ ဂိုးရနိုင်တဲ့ ယုံကြည်ချက်မျိုး ရှိနေတာ ဖြစ်တဲ့အတွက် မန်ယူရဲ့ သွင်းဂိုးတွေကိုလည်း မြင်ရနိုင်ပါတယ်။ တစ်သင်းနဲ့တစ်သင်း အနိုင်ရဖို့ ကြိုးစားကြမဲ့ပွဲမှာ အပြန်အလှန် သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှာ ဖြစ်လို့ ဂိုးပေါင်းအပေါ် တစ်မျိုးတည်းကို ရွေးချယ်ထားချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *