၃၀.၁၂.၂၀၂၃

Translated by Htwe Ko Tun

ယခုနှစ် မတ်လက တရုတ်၊ ကာကွယ်ရေးဝန်ကြီးဖြစ်လာခဲ့သည့် လီရှန်ဖူးမှာ လူအများမြင်ကွင်းမှ လအတန်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် အောက်တိုဘာလတွင် ထုတ်ပယ်ခံခဲ့ရကာ လစ်လပ်နေသည့် ၎င်း၏နေရာအား ဒီဇင်ဘာ၂၉ ရက်တွင် ရေတပ်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး(ငြိမ်း) ဒုံဂျွန်ကို ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဒုံဂျွန်အား တရုတ်ပြည်သူ့ကွန်ဂရက်၏ အမြဲတန်းကော်မတီက ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ပေးခဲ့ခြင်းဖြစ်ရာ တရုတ်နိုင်ငံတွင် ရေတပ်မှ ဗိုလ်ချုပ်ကြီးတစ်ဦးအနေဖြင့် ကာကွယ်ရေးဝန်ကြီးတာဝန်အား ပထမဆုံးထမ်းဆောင်ရခြင်းလည်းဖြစ်သည်။

ဒုံဂျွန်က တရုတ်ရေတပ်၏ တပ်ဖွဲ့စခန်းများအားလုံးလိုလို၌ပင် အမှုထမ်းခဲ့ဖူးကာ ၂၀၂၁ ခုနှစ်တွင် ရေတပ်ဦးစီးချုပ်ဖြစ်လာခဲ့သူဖြစ်သလို အမေရိကန်က ပိတ်ဆို့မှုပြုထားသည့် စာရင်းတွင်လည်း မပါဝင်သေးသူဖြစ် သည်။

တရုတ် ကာကွယ်ရေးဝန်ကြီးဌာနမှာ အခြားနိုင်ငံများနှင့်မတူဘဲ ကာကွယ်ရေးမူဝါဒ(သို့မဟုတ်)စစ်ဘက်စီမံခန့်ခွဲမှုတွင် အနည်းငယ်သာ ပြောကြားလုပ်ပိုင်ခွင့်ရှိ၍ ကာကွယ်ရေးဆိုင်ရာနယ်မြေအများအပြားကို သမ္မတရှီ ဦးဆောင်သော ဗဟိုစစ်ကော်မရှင်ကသာ ချုပ်ကိုင်ထားသည်။

Ref- msn

Leave a Reply

Your email address will not be published. Required fields are marked *