MT News
၂၈. ၁၂. ၂၀၂၃

မြန်မာ-လာအို နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းကို ကာလတိုအတွင်း အကောင်အ ထည်ဖော် ဆောင်ရွက်လိုတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ် ထွန်းက လာအိုနိုင်ငံ စွမ်းအင်နဲ့ သတ္ထုတွင်းဝန်ကြီးဌာနဝန်ကြီး မစ္စတာ ဖိုစေးစရာစုံနဲ့ ဆွေးနွေး ချိန် ပြောကြားခဲ့တဲ့အပြင် တရုတ်၊ ထိုင်းနိုင်ငံတို့နဲ့လည်း နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံ ကိန်းတွေ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားဝယ်ယူ ဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက်နေတယ် လို့လည်း ပြောကြားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၃၀ ပြည့်နှစ်မှာ လျှပ်စစ်ဓာတ်အား ၁၄,၅၄၂ မဂ္ဂါဝပ် လိုအပ်မှာဖြစ်ပြီး ဒီ ဓာတ်အားလိုအပ်ချက်ကို ပြည့်မီစေဖို့ နိုင်ငံအတွင်း ဓာတ်အားထုတ်လုပ်မှုတွေသာမက နယ်စပ် ဖြတ်ကျော်ဓာတ်အား ဝယ်ယူမှုပါ တိုးတက်ဆောင်ရွက်နိုင်ဖို့ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ အဓိကအရေးကြီးတဲ့ ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် သတ်မှတ်ထားပြီး တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ တို့နဲ့လည်း နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း စီမံကိန်းတွေ တည်ဆောက်ပြီး လျှပ်စစ်ဓာတ် အားဝယ်ယူ ဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဦးဉာဏ်ထွန်းက ပြောပါတယ်။

ဒါကြောင့် မြန်မာ-လာအို နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းစီမံကိန်းကိုလည်း ကာလတိုအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လိုပြီး နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်းရဲ့ FSR ပြီးစီးမှုနဲ့ FSR အပေါ် စိစစ်သုံးသပ်ချက်အရ နည်းပညာနဲ့ စီးပွားရေး တွက်ချေကိုက်မှုရှိတဲ့ အပေါ် မူတည်ပြီး စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးကို နှစ်နိုင်ငံအစိုးရတွေထံ တင်ပြ လမ်းညွှန်မှု ခံယူနိုင်မှာဖြစ်လို့ သက်ဆိုင်ရာ ကုမ္ပဏီတွေက FSR မြန်ဆန်စွာ ပြီးစီးအောင် ဆောင်ရွက်ပေးကြဖို့ လည်း ဦးဉာဏ်ထွန်းက တိုက်တွန်းပြောကြားပါတယ်။ ဒါ့အပြင် လာအိုနိုင်ငံအစိုးရရဲ့ ခိုင်မာတဲ့ ထောက်ခံအားပေးမှုကို အပြည့်အဝ အသိအမှတ်ပြုသလို နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ဓာတ်အား လိုင်းစီမံကိန်းနဲ့ မဲခေါင်မြစ်ဝှမ်းမှာ ရေအားလျှပ်စစ်စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ရေး အတွက် ပူးတွဲလေ့လာမှုလုပ်ငန်းတွေ ဆောင်ရွက်ကြဖို့ လိုအပ်တာ ကူညီပံ့ပိုးပေးသွားမယ်လို့ လည်း ဦးဉာဏ်ထွန်းက ပြောပါတယ်။

ဦးဉာဏ်ထွန်းရဲ့ ဆွေးနွေးပြောကြားမှုအပေါ် လာအိုနိုင်ငံ စွမ်းအင်နဲ့ သတ္ထုတွင်းဝန်ကြီး ဌာန ဝန်ကြီး မစ္စတာ ဖိုစေးစရာစုံက ပြန်လည် ဆွေးနွေးပြောကြားရာမှာ မြန်မာ-လာအို နယ်စပ်ဖြတ် ကျော် ဓာတ်အားလိုင်းစီမံကိန်းနဲ့ မဲခေါင်မြစ်ဝှမ်းမှာ ရေအားလျှပ်စစ်စီမံကိန်းတွေ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုတို့ကို တွန်းအားပေးဆောင်ရွက်လိုသလို ပူးတွဲလုပ်ငန်းအဖွဲ့နဲ့ ပူးတွဲလုပ်ငန်း ကော် မတီ အစည်းအဝေးတွေရဲ့ ဆွေးနွေးမှုရလာဒ်အရ ရှေ့ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် (၃) ရပ်ဖြစ်တဲ့ နှစ်နိုင်ငံအကြား Power Supply Framework Agreement လက်မှတ်ရေးထိုး နိုင်ရေးဆောင်ရွက်ဖို့၊ မြန်မာ-လာအို နှစ်နိုင်ငံ ဓာတ်အားစနစ်ချိတ်ဆက်ရေး နည်းပညာဆိုင်ရာ လိုအပ်ချက်နဲ့ ရယူမယ့် ဓာတ်အားပမာဏကို လေ့လာသုံးသပ်မယ့် အကြံပေးပညာရှင်အဖွဲ့နဲ့ ဆောင်ရွက်ဖို့နဲ့ မဲခေါင်မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုကို လာအိုကုမ္ပဏီနဲ့ မြန်မာကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အပေါ် နှစ်နိုင်ငံဝန်ကြီးဌာနတွေက လိုအပ်တဲ့ အကူအညီ ပေးအပ်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

မြန်မာ-လာအို နှစ်နိုင်ငံအကြား ပူးတွဲလုပ်ငန်းကော်မတီ (Joint Working Committee -JWC)နဲ့ ပူးတွဲလုပ်ငန်းအဖွဲ့ (Joint Working Group-JWG) တွေ ဖွဲ့စည်းပြီး ပူးပေါင်း ဆောင်ရွက်လာခဲ့ကြ တဲ့ (၅) နှစ်ကျော်သက်တမ်းကာလအတွင်း သိသာထင်ရှားတဲ့ လုပ်ငန်းတိုးတက်မှု လုပ်ဆောင်နိုင် ခဲ့တာ တွေ့ရသလို ယခင်လေ့လာမှုတွေအရ မဲခေါင်မြစ်ကြောင်းတစ်လျှောက်မှာ ရေအားလျှပ် စစ်စီမံကိန်း ၃ ခုကနေ ၄ ခုအထိ ဆောင်ရွက်နိုင်ပြီး၊ စုစုပေါင်း လျှပ်စစ်ဓာတ်အား ၂၈၀၀ မဂ္ဂါဝပ်ကနေ ၃၂၀၀ မဂ္ဂါဝပ်ခန့်အထိ ရရှိနိုင်တဲ့ အလားအလာရှိသလို မဲခေါင်မြစ်စီမံကိန်းတစ်ခုကို ၅၀၀ မဂ္ဂါဝပ်နဲ့အထက် တည်ဆောက်အကောင်အထည်ဖော်နိုင်မှာဖြစ်လို့ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုကို မြန်ဆန်စွာပြီးမြောက်နိုင်ရေး ဆောင်ရွက်ဖို့လည်း နှစ်နိုင်ငံ ဆွေးနွေးခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News