၁၁. ၁၂. ၂၀၂၃
Translated by Htwe Ko Tun

ဘရာဇီးလ်နိုင်ငံရဲ့ အကောင်းဆုံးသော ဘောလုံးကလပ်အသင်းတစ်သင်းဖြစ်တဲ့ နာမည်ကျော်ဆန်တို့စ်ဘောလုံးအသင်း အသင်းရဲ့ ဥက္ကဋ္ဌအသစ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မာစီလို တိုင်ဆေရာက အသင်းအနေနဲ့ ဒုတိယတန်းမှာ ကစားနေရသမျှ အသင်းသားတွေအနေနဲ့ အသင်းရဲ့ ကမ္ဘာကျော် ဘောလုံး အကျော်အမော်တစ်ဦးဖြစ်တဲ့ ပီလီ ဝတ်ခဲ့တဲ့ နံပါတ် ၁၀ ဂျာစီကို ဝတ်ဆင်ကြမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဆန်တို့စ်အသင်းအဖို့ Fortaleza အသင်းကို အိမ်ကွင်းမှာ နှစ်ဂိုးတစ်ဂိုးနဲ့ ဒီဇင်ဘာ ၇ ရက်က ရှုံးခဲ့ရပြီးတဲ့နောက် အသင်းရဲ့ သမိုင်းမှာ ၁၁၁ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒုတိယတန်းသို့ဆင်းရတဲ့အဖြစ်နဲ့ ရင်ဆိုင်ခဲ့ရတာပါ။

တိုင်ဆေရာ က “အသင်းအနေနဲ့ ပထမတန်းကိုပြန်တက်ပြီး မကစားနိုင်သမျှ ဘယ်အသင်းသားမှ ပီလီရဲ့ ဂျာစီနံပါတ်ကို မဝတ်ဆင်ကြဖို့ ဆုံးဖြတ်ထားတယ်” လို့ ပြောခဲ့ပါတယ်။

ဘရာဇီး ဘောလုံးသမား ပီလီက အသင်းရဲ့ ရွှေခေတ်လိုဆိုရမယ့် ၁၉၅၀ ပြည့်လွန်နှစ်တွေနဲ့ ၁၉၆၀ ပြည့်လွန်နှစ်တွေက အသင်းမှာပါဝင်ကစားခဲ့တာပါ။ ဆန်းတို့စ်အသင်းအတွက် တောင်အမေရိကကလပ်အသင်းတွေပြိုင်ပွဲဖြစ်တဲ့ Copas Libertadores မှာ ဆုဖလားနှစ်ကြိမ်နဲ့ ဘရာဇီးလိဂ်မှာခြောက်ကြိမ်အပါအဝင် ဆုဖလား ၁၂ ခု ရဖို့ ပီလီက ကစားပေးနိုင်ခဲ့တာပါ။ ဒါ့ပြင် ဆန်းတို့စ်အသင်းက ဘရာဇီးရဲ့ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ နေမာ၊ ရိုဘင်ဟိုနဲ့ ရိုဒရီဂိုတို့ကို မွေးဖွားပေးရာအသင်းလည်းဖြစ်ပါတယ်။

ဒီလိုနာမည်ကျော်ကစားသမားတွေထွက်ပေါ်ရာ နာမည်ကြီးအသင်းရဲ့ ဒုတိယတန်းဆင်းရတဲ့အဖြစ်ကြောင့် အသင်းပရိသတ်တွေကလည်း မြို့တော် ဘရာဇီးလီးယားမှာ အကြမ်းဖက်မှုအဓိကရုဏ်းတွေကို လွန်ခဲ့တဲ့အပတ်က ပြုလုပ်ခဲ့ကြပါသေးတယ်။

Ref—-AP

Leave a Reply

Your email address will not be published. Required fields are marked *