၁၁. ၁၂. ၂၀၂၃
Written by Zaw Moe

ရွှေတိဂုံစေတီတော်၏ ဝင်ကြေး၊ အလှူငွေ အမေရိကန်‌‌ ဒေါ်လာသန်း ၂၀ ကျော်နှင့် ဗိုလ်တထောင်စေတီ၏ အလှူငွေနှင့် ဝင်ကြေး အမေရိကန်ဒေါ်လာများကို တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ ငွေလဲလှယ်နှုန်းဖြင့် တန်ဖိုးဖြတ်၍ မြန်မာကျပ်ငွေများ ပြန်လည်ထုတ်ပေးခဲ့သည်ဆိုသည့် သတင်းမှာ သတင်းအတု၊ သတင်းအမှားသာ ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ထုတ်ပြန်သည်။

ရွှေတိဂုံစေတီတော်ကြီးသို့ လှူဒါန်းထားသော အလှူငွေများနှင့် ဝင်ကြေးများမှ အမေရိကန်ဒေါ်များကို အပ်ငွေအဖြစ် ဘဏ်များတွင် အပ်နှံထားသော ငွေများကို အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်နှုန်းဖြင့် တန်ဖိုးဖြတ် သိမ်းယူပြီး မြန်မာကျပ်ငွေများ ပြန်လည်ထုတ်ပေးခဲ့ကြောင်း၊ ထို့အတူ ဗိုလ်တထောင်စေတီတော်၏ အလှူငွေနှင့် ဝင်ကြေး အမေရိကန်ဒေါ်လာများကိုလည်း အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ ငွေလဲနှုန်းဖြင့် တန်ဖိုးဖြတ်၍ မြန်မာကျပ်ငွေများ ပြန်လည်ထုတ်ပေးခဲ့ကြောင်း ဂေါပကအဖွဲ့၊ ဘဏ္ဍာရေးနှင့် နီးစပ်သော သတင်းအရင်းအမြစ်က ပြောသည်ဆိုသည့် သတင်းအမှားအား Khit Thit Media မှ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားခဲ့ခြင်းဖြစ်သည်။

အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ Khit Thit Media မှ ဘာသာရေးဆိုင်ရာ စေတီပုထိုးများနှင့် ပတ်သက်၍ မဟုတ်မမှန် ဝါဒဖြန့်ချိမှုများ ပြုလုပ်ခြင်းဖြစ်ပြီး သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *