၉. ၁၂. ၂၀၂၃
Written by MMAK

◾ ခရစ္စတယ်ပဲလေ့စ် Vs လီဗာပူးလ်

ပဲလေ့စ် ခြေစွမ်းကျဆင်းနေသလို တိုက်စစ်က ဂိုးသွင်းခြေ ပျောက်နေလို့ နောက်ဆုံးလေးပွဲဆက် နိုင်ပွဲပျောက်နေပါတယ်။ လီဗာပူးက နိုင်ပွဲဆက်နေပေမဲ့ နှစ်ပွဲဆက် ကြေးကျထားတာ ဖြစ်ပါတယ်။ ဒီပွဲမှာ လီဗာပူး ဘော်ဒီကြေး တစ်လုံး ပြား ၂၀ အရှုံးနဲ့ ဂိုးပေါင်းကြေး သုံးလုံး ၅၀ စားရမယ်ဆိုတဲ့ ပေါက်ကြေးပေးထားပါတယ်။ ပေါက်ကြေးအရ လီဗာပူး တစ်ဂိုးအနိမ့်ဆုံး သွင်းနိုင်သလို အိမ်ကွင်းမှာ ပဲလေ့စ်လည်း ဂိုးရနိုင်ပါတယ်။ ပဲလေ့စ် ဂိုးရနိုင်တယ် ယူဆတဲ့အတွက် လီဗာပူးဘော်ဒီထက် ဂိုးပေါင်းအပေါ်ကို ပိုအကြိုက်တွေ့မိပါတယ်။ တစ်ဖက်တစ်ဂိုးစီ ရနိုင်တယ်လို့ ယူဆတဲ့အတွက် ဂိုးပေါ် တစ်မျိုးတည်းကို ရွေးချယ်ချင်ပါတယ်။

◾ ရှက်ဖီး Vs ဘရန့်ဖို့

ဘရန့်ဖို့ ခြေစွမ်းကျဆင်းနေချိန်ဖြစ်သလို အဝေးကွင်းလည်း ညံ့ပါတယ်။ အဝေးကွင်းတိုက်စစ် အားနည်းနေချိန်မှာ အဓိကတိုက်စစ်မှုး အမ်ဘူမို ဒဏ်ရာ ရနေတာကြောင့် တိုက်စစ်ပြဿနာ ရှိနေပါတယ်။ ဇယားအောက်ဆုံးရောက်နေတဲ့ ရှက်ဖီးယူနိုက်တတ်ကတော့ နောက်ဆုံးသုံးပွဲဆက်ရှုံးခဲ့သလို တိုက်စစ်ကလည်း ဂိုးသွင်းအား မရှိပါဘူး။ နှစ်သင်းလုံးတိုက်စစ်အားနည်းသလို ဂိုးပေါင်းကြေးကလည်း နှစ်ဂိုးသွင်းရင် ပြား ၈၀ အရှုံးပေးထားတဲ့ပေါက်ကြေးအရ ဒီပွဲဟာ ဂိုးပေါင်းအောင်ဖို့ ခက်ခဲနိုင်ပါတယ်။ အများဆုံး နှစ်ဂိုးလောက်သာ ရောက်နိုင်လို့ ဂိုးပေါင်းအောက် တစ်မျိုးတည်းကို ရွေးချယ်ထားချင်ပါတယ်။

◾ ဘရိုက်တန် Vs ဘန်လေ

ကွန်ပနီရဲ့ဘန်လေ တွေ့တဲ့အသင်းတိုင်းကို တိုက်စစ် ဖွင့်ကစားပေမဲ့ တိုက်စစ်ကဂိုးမရဘဲ ခံစစ်ကသာ ဂိုးတွေ အများကြီးခွင့်ပြုထားတာ တွေ့ရပါတယ်။ ဘန်လေ တိုက်စစ်ကစားလာမယ်ဆို ဘရိုက်တန်ရဲ့ အကြိုက်ဖြစ်သွားနိုင်ပြီး သွင်းဂိုးတွေ အများကြီးပေးရနိုင်ပါတယ်။ ဘရိုက်တန်က အိမ်ကွင်းတိုက်စစ်ရော ကစားပုံရော အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ ဘော်ဒီကြေး တစ်လုံး ၄၀ ရှုံး ဂိုးပေါင်းကြေး သုံးလုံး ၅၀ စား ပေါက်ကြေးအရ အိမ်ရှင် ဘရိုက်တန် အနိမ့်ဆုံး တစ်ဂိုးနဲ့ နိုင်မှာ ဖြစ်ပါတယ်။ ပြား ၄၀ ရင်းပြီး အိမ်ရှင် ဘရိုက်တန်ကို ရွေးချယ်ထားတာ အကောင်းဆုံးဖြစ်ပါမယ်။

◾ မန်ယူ Vs ဘုန်းမောက်

ဘုန်းမောက် နောက်ဆုံး လေးပွဲမှာ သုံးပွဲ အနိုင်ရပြီး တစ်ပွဲသရေကျကာ တိုက်စစ်က တစ်ပွဲကို နှစ်ဂိုး အနိမ့်ဆုံး သွင်းထားနိုင်တာ တွေ့ရပါတယ်။ မန်ယူခြေစွမ်းကျနေချိန်မှာ ချဲလ်ဆီးကို အနိုင်ရလိုက်တာကြောင့် ယုံကြည်မှု ပိုကောင်းလာသလို အိမ်ကွင်းကစားပုံရော တိုက်စစ်ရော ကောင်းတာတွေ့ရပါတယ်။ ဘော်ဒီကြေး တစ်လုံးသရေ ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံး ၄၀ အရှုံး အနေအ ထားအရ ဂိုးပေါင်းကြေး ပြင်းနေတာကို တွေ့ရပါတယ်။ တိုက်စစ်ကောင်းနေတဲ့ ဘုန်းမောက် ဂိုးရနိုင်သလို အိမ်ရှင်မန်ယူလည်း ဂိုးရနိုင်တာကြောင့် ဂိုးပေါင်းကြေးပြင်းနေတာဖြစ်ပါတယ်။ တိုက်စစ်ဖွင့်ကစားကြမဲ့ နှစ်သင်းဖြစ်တာကြောင့် သွင်းဂိုးတွေ အများကြီး မြင်ရဖို့ ရှိနေပါတယ်။ တစ်ဖက်တစ်ဂိုးစီ​သေချာနေသလို နှစ်သင်းလုံး ဂိုးရနိုင်တာ ဖြစ်လို့ ဒီပွဲမှာ ဂိုးပေါ် တစ်မျိုးတည်း ရွေးချယ် ပေးချင်ပါတယ်။

◾ ဝုဗ် Vs နော်တင်ဟန်ဖောရက်

ဖောရက် လေးပွဲဆက် ရှုံးထားသလို ခြေစွမ်းကျဆင်းနေတာ တွေ့ရပါတယ်။ ဝုဗ်ကတော့ နိုင်သင့်တဲ့ပွဲတွေကို အနိုင်ကန်ထားနိုင်သလို ခြေစွမ်း ကောင်းမွန်မှု ရှိနေပါတယ်။ ဝုဗ်ရဲ့ တိုက်စစ်က နောက်ဆုံးဆယ်ပွဲဆက် ဂိုးသွင်းထားနိုင်တဲ့အတွက် ဂိုးရဖို့ ယုံကြည်ရတဲ့ အနေအ ထားမှာ ရှိပါတယ်။ ဝုဗ် သရေအရှုံးပေးထားသလို ဂိုးပေါင်းကြေး နှစ်လုံး ၅၀ အရှုံးပေးထားပါတယ်။ ပေါက်ကြေး အနေအထားအရ သွင်းဂိုးတွေ အများကြီး မမြင်ရနိုင်သလို အိမ်ရှင်ဝုဗ် ကပ်ပြီး အနိုင်ရသွားလိမ့်မယ် ထင်ပါတယ်။ ဒီဇင်ဘာ ပွဲကြပ်ကာလမှာ ပွဲတွေ ခဏခဏ ကစားရလို့ ကစားသမားတွေ ပွဲပန်းနေတာမျိုး တွေ့ရပါတယ်။ ပြီးခဲ့တဲ့ဖူဟမ်နဲ့ပွဲမှာ ဖောရက်ကစားသမားတွေ ပွဲပန်းနေတာမျိုး ယုံကြည်မှု ပျောက်ဆုံးနေတာမျိုး တွေ့ရပါတယ်။ ခြေစွမ်းကျဆင်းနေတဲ့ ဖောရက်အသင်းကို ငြင်းပယ်ထားချင်ပြီး အိမ်ရှင်ဝုဗ်ကို ရွေးချယ်ထားချင်ပါတယ်။

◾ အက်စတွန်ဗီလာ Vs အာဆင်နယ်

အိမ်ကွင်းပွဲတိုင်း အနိုင်ရထားသလို မန်စီးတီးကို ခြေစွမ်းအသာနဲ့ အနိုင်ယူထားခဲ့တဲ့ ဗီလာ ယုံကြည်မှု အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ ပရီးမီးယားလိဂ် ဖလားကို အာရုံစိုက်နေတဲ့ အာဆင်နယ် ခြေစွမ်းကောင်းနေသလို ဇယားထိပ်ဆုံးမှာ ရပ်တည်ထားနိုင်တာ တွေ့ရပါတယ်။ အာဆင်နယ် ခြေစွမ်းကောင်းနေပေမဲ့ အိမ်ကွင်း ကောင်းတဲ့ ဗီလာကို ကစားရခက်ခဲနိုင်ပါတယ်။ အဝေးကွင်းမှာ အာဆင်နယ် သရေအရှုံးပေးထားသလို ဂိုးပေါင်းကြေး သုံးလုံး ၅၀ အနိုင် ဖြစ်ပါတယ်။ ပွဲကြပ်ကာလမှာ အဝေးကွင်း အထက်ကြေးအသင်းတွေကို ဆန့်ကျင်ထားတာ အကောင်းဆုံးဖြစ်ပါတယ်။ နှစ်သင်းလုံး ထိန်းကစားကြမဲ့ အနေအထားကြောင့် ဂိုးတွေ အများကြီး မြင်ရဖို့ မရှိသလို သရေလောက်နဲ့သာ ပွဲပြီးသွားမယ် ထင်ပါတယ်။ သရေကျရင် ကြေးစားရမှာဖြစ်သလို  အိမ်ကွင်း ပွဲတိုင်းအနိုင်ရထားပြီး အကောင်းဆုံးခြေစွမ်းပြနေတဲ့ အိမ်ရှင် ဗီလာကို ရွေးချယ်ထားချင်ပါတယ်။

#mtnews_ပွဲကြိုခန့်မှန်း #mtnews_entertainment
#mtnews #myanmar_transparency_news

Leave a Reply

Your email address will not be published. Required fields are marked *