MT News
၁၂. ၁၀. ၂၀၂၃

ကိုးကန့်မြို့မှာနေတဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် အွန်လိုင်းလိမ်လည်မှုခေါင်းဆောင် ၁၀ ဦးကို တရုတ်နိုင်ငံက ဖမ်းဝရမ်းထုတ်လိုက်ပြီး တစ်ဦးစီကို သတင်းပေးနိုင်သူတိုင်းကို ယွမ်တစ်သိန်းနဲ့ငါးသိန်းကြားဆုချီးမြှင့်မယ်လို့ တရုတ်နိုင်ငံ လျောင်နင်ပြည်နယ်၊ ဖူကျင့်ပြည်နယ်၊ ချုံချင့်မြို့ ရဲဌာနတွေက မြန်မာနိုင်ငံ ရှမ်းပြည်နယ်​မြောက်မြောက်ပိုင်း အွန်လိုင်းလိမ်ညာမှုလုပ်ကိုင်တဲ့ ကျားဖြန့် ဒုစရိုက်ဂိုဏ်းခေါင်းဆောင် ၁၀ ဦးကို ဝရမ်းပြေးအမိန့်ထုတ်စာတွေအရ သိရပါတယ်။

တရုတ်နိုင်ငံ လျောင်နင်ပြည်နယ်၊ ဖူကျင့်ပြည်နယ်၊ ချုံချင့်မြို့ ရဲဌာနတွေက မြန်မာနိုင်ငံ ကိုးကန့်ဒေသနေ ကျားဖြန့်ဂိုဏ်းခေါင်းဆောင် ၁၀ ဦးကို ဖမ်းဝရမ်းထုတ်ရာမှာ တရုတ်နိုင်ငံသား ၆ ဦးနဲ့ မြန်မာနိုင်ငံသား ၄ ဦးပါဝင်ခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-12-11_10-01-11.jpg

တရားခံတွေဟာ မြန်မာနိုင်ငံ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌဟောင်းပိုင်ဆိုချိန်(ပယ်စောက်ချိန်)၊ တရုတ်နိုင်ငံသား တစ်ဦးဖြစ်ပြီး ပြည်သူ့စစ်တပ်ဖွဲ့ တပ်ဖွဲ့မှူး၊ စီးပွားရေးစီမံအုပ်ချုပ်ရေးဌာန ဒုတိယဌာနမှူး၊ ဆန်ရင့်သိပ္ပံနည်းပညာ Park ဥက္ကဋ္ဌ ပိုင်ရင့်ဆန်၊ ကိုးကန့်နေ ရှင်ပိုင်လိအုပ်စုဥက္ကဋ္ဌ တရုတ်နိုင်ငံသား ပိုင်ရင့်လန်၊ မြန်မာနိုင်ငံ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ၁၀၀၆ နယ်ခြားစောင့်တပ် ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဝေ့ဟွိုင်ရင်၊ မြန်မာနိုင်ငံ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဟိန်ရိအုပ်စု ဥက္ကဋ္ဌ တရုတ်နိုင်ငံသား ဝေ့ယွန်း၊ မြန်မာနိုင်ငံ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ၁၀၀၆ နယ်ခြားစောင့်တပ် ကြီးကြပ်ရေးကော်မတီဝင် တရုတ်နိုင်ငံသား ဝေချင်းဆုန်၊ မြန်မာနိုင်ငံ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးကော်မတီဝင်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့်စီမံအုပ်ချုပ်ရေးဌာန ဌာနမှူးနဲ့ ဖူလိလိုင်အုပ်စု ဥက္ကဋ္ဌ လျိုကျင့်ရှန်၊ ဖူလိလိုင်အုပ်စုက CEO ဖြစ်တဲ့ တရုတ်နိုင်ငံသား လျိုကျီကွမ်၊ မြန်မာနိုင်ငံ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ ဖူလိလိုင်အုပ်စုက အထွေထွေမန်နေဂျာ လျိုကျင့်မောင်၊ မြန်မာနိုင်ငံ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ စီရှမ်းမြို့နယ် ကျာဇီရှုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဖြစ်တဲ့ တရုတ်နိုင်ငံသား ရွှီလောက်ဖာ စတဲ့ သူတွေဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ တရုတ်သွေးနွှယ်တဲ့ မြန်မာနိုင်ငံဘက်ခြမ်းနေသူအချို့ဟာ တရုတ်နိုင်ငံသားအဖြစ်ရော မြန်မာနိုင်ငံသားအဖြစ်ပါ တရားမဝင်ခံယူနေကြသလို နှစ်နိုင်ငံကူးလူးလုပ်ကိုင်နေရင်း တရားမဝင်ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါ ဖမ်းဝရမ်းထုတ်ခံလာရတာပါ။

This image has an empty alt attribute; its file name is photo_2023-12-11_10-01-14.jpg

လက်ရှိအချိန်မှာ တရုတ်နဲ့ မြန်မာနှစ်နိုင်ငံပေါင်းပြီး ကျားဖြန့်တွေ နှိမ်နင်းနေသလို မြန်မာနိုင်ငံဘက်ခြမ်းကနေလည်း အွန်လိုင်းလိမ်လည်မှုကျုးလွန်နေတဲ့ ကျားဖြန့်ဂိုဏ်းနဲ့ ပတ်သက်သူ ၄၀၀၀၀ ကျော်ကို တရုတ်နိုင်ငံဘက်ဆီ လွှဲပြောင်းပေးထားပြီးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *