၇.၁၂. ၂၀၂၃

Written by MMAK

◾မန်ယူ 2-1 ချဲလ်ဆီး

– တွမ်မီနေး 19’/69′

– ပယ်မာ 45′

◾ အက်စတွန်ဗီလာ 1-0 မန်စီးတီး

– ဘိုင်လီ 74′

◾ ရှက်ဖီး 0-2 လီဗာပူးလ်

– ဗန်ဒိုက် 37′

– ဆိုဘိုစလိုင်း 90+4′

◾ ဖူဟမ် 5-0 နော်တင်ဟန်ဖောရက်

– အိုင်ဝိုဗီ 30’/73′

– ဂျင်မီနက် 34’/54′

– ကိုင်ရာနေး 86′

◾ ခရစ္စတယ်ပဲလေ့စ် 0-2 ဘုန်းမောက်

– ဆန်စီ 25′

– ကီဖာမိုးလ် 90+1′

◾ ဘရိုက်တန် 2-1 ဘရန့်ဖို့

– ဂရော့ 31′

– ဟင်ရှဲဝု 52′

– အမ်ဘူမို 27′ (Pen )

◾မန်ယူအနေနဲ့ အိမ်ကွင်းမှာ ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့သလို တော်မီနေးရဲ့သွင်းဂိုးတွေကြောင့် ထိုက် ထိုက်တန်တန် အနိုင်ရခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ချဲလ်ဆီး ကြေးကြောပြန်ပေးထားပေမဲ့ တစ်ပွဲလုံး ဘာမှ လုပ်မပြနိုင်ခဲ့ဘဲ တစ်သင်းလုံး ယုံကြည်ချက် မဲ့နေတာကြောင့် ရှုံးပွဲတွေ့ခဲ့ရသလို ရွေးချယ်မှုလည်း မှားခဲ့ပါတယ်။ လက်ရှိချန်ပီယံမန်စီးတီးကို အိမ်ကွင်းမှာ အစစအရာရာ အသာရအောင် ကစားပြနိုင်တဲ့ အမ်မရီရဲ့ ဗီလာအသင်းကို မချီးကျူးဘဲ မနေနိုင်လောက်အောင် ကောင်းခဲ့ပါတယ်။ တစ်ပွဲလုံးမှာ မန်စီးတီးအသင်း ကန်သွင်းခွင့် နှစ်ကြိမ်သာ ရရှိခဲ့ပြီး ဂိုးရဖို့ မလုံလောက်ခဲ့ဘဲ ဗီလာအသင်းရဲ့ ကန်သွင်းချက်တွေကို ဂိုးသမားအီဒါဆင် အကြိမ်ကြိမ်ကာကွယ်ခဲ့ရသလို ဂိုးတိုင်ထိနေခဲ့တာကြောင့် နောက်ထပ်သွင်းဂိုးတွေ မမြင်ရတော့ဘဲ ဂိုးအောက်ခဲ့တာကြောင့် ရွေးချယ်မှု မှားခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့် အပိုင်ဂိုးသွင်းခွင့်တွေ ဖြုန်းတီးခဲ့လို့ ဂိုးမသွင်းနိုင်ခဲ့ဘဲ ဘုန်းမောက်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့သာ ပွဲပြီးခဲ့တာကြောင့် ဂိုးပေါ်ရွေးချယ်မှုမှားခဲ့ပါတယ်။

◾ ဒါပေမဲ့ လီဗာပူး ဂိုးအောက်ရွေးချယ်မှုကတော့ ထင်ထားသလို ရှက်ဖီးအသင်း ဂိုးမရဘဲ လီဗာပူးလည်းနှစ်ဂိုးသာ သွင်းနိုင်ခဲ့တာကြောင့် ဂိုးအောက် ရွေးချယ်မှု မှန်ခဲ့ပါတယ်။ ဖူဟမ် အသင်း အိမ်ကွင်းမှာ ငါးဂိုးပြတ် သွင်းခဲ့တာကြောင့် ဖူဟမ်အသင်းနဲ့ ဂိုးပေါ် ရွေးချယ်မှု စုံအောင်ခဲ့တာ ဖြစ်ပါတယ်။ ဘရိုက်တန်အသင်း ဦးဆောင်ဂိုးပေးခဲ့ရပေမဲ့ ချေပဂိုး အနိုင်ဂိုးတွေ ပြန်သွင်းနိုင်ခဲ့ပြီး အိမ်ကွင်းမှာ အနိုင်ရခဲ့တာကြောင့် ဘရိုက်တန်အသင်းကို ရွေးချယ်မှုလည်း မှန်ကန်ခဲ့ပါတယ်။ ခန့်မှန်းမှုခုနစ်ခုမှာ လေးပွဲနိုင် သုံးပွဲမှားခဲ့တာကြောင့် ခြောက်ဆယ်ရာနှုန်းလောက်သာ မှန်ကန်ခဲ့ပြီး အကျိုးအမြတ်ရရှိမှုနည်းခဲ့တာဖြစ်ပေမဲ့ အကျိုးအမြတ်များများရဖို့ ဆက်လက်ခန့်မှန်းပေးပါဦးမယ်။

Leave a Reply

Your email address will not be published. Required fields are marked *