၇.၁၂.၂၀၂၃
Written By Thandar

Miss Grand International 2023 Top 10 ၁၀ ယောက်နဲ့ Miss Grand International 2023 1st Runner Up မြန်မာ နိုင်ငံကိုယ်စားပြုအလှမယ် နီနီလင်းအိမ်တို့ကို Home Coming ကြိုဆိုပွဲ အခမ်းအနား ဒီနေ့ ဒီဇင်ဘာ ၇ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ Myanmar Plaza Promotion Area မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

Miss Grand International 2023 Top 10 စာရင်းဝင် ၁၀ ယောက်ကတော့ ဒီနေ့ ဒီဇင်ဘာ ၇ ရက် နံနက် ၁၁ နာရီကျော်က မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_1_2023-12-07_13-55-15-1024x682.jpg

အလှမယ် နီနီလင်းအိမ်ရဲ့ Home Coming (Fan Meeting) နဲ့အတူ ကြီးကျယ်ခမ်းနားစွာ ပရိသတ်တွေက ကြိုဆိုရင်း Miss Grand Myanmar 2024 Host City ပွဲကို ဆက်လက်ကျင်းပခဲ့ပါတယ်။

Miss Grand International 2023 Top 10 ၁၀ ယောက် ကြိုဆိုပွဲမှာ မြန်မာ၊ နယ်သာလန်၊ အန်ဂိုလာ၊ ကိုလံဘီယာ၊ ထိုင်း၊ အမေရိကန်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဒီုမီနစ်ရီပဘလစ်၊ ပီရူးနိုင်ငံတို့က အလှမယ်တွေ တက်ရောက်ခဲ့လို့ ပရိသတ်တွေ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *