၇. ၁၂. ၂၀၂၃
Written by Pan Ei

အမေရိကန်ပြည်ထောင်စု၊ လက်စ်ဗီးဂတ်စ်မြို့က နီဗားဒါးတက္ကသိုလ်ရဲ့ပင်မပရိဝုဏ်အတွင်း သေနတ်သမားတစ်ဦးက ဗုဒ္ဓဟူးနေ့(ဒီဇင်ဘာ ၆ရက်) က ပစ်ခတ်ခဲ့ရာ လူ ၃ ဦး သေဆုံးပြီး တစ်ယောက် ဒဏ်ရာရရှိသွားခဲ့သလို ရဲတပ်ဖွဲ့က ပစ်ခတ်သူလို့ သံသယရှိသူကို သေနတ်နဲ့ ပစ်ခတ်ကာ အသေဖမ်းဆီးခဲ့တယ်လို့ အာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က သံသယရှိသူရဲ့ လိင်အမျိုးအစားကိုလည်း ဖော်ပြခြင်းမပြုခဲ့ဘဲ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသူတွေက တက္ကသိုလ်နဲ့ ဆက်နွှယ်မှုရှိ မရှိကိုလည်း ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။

This image has an empty alt attribute; its file name is photo_2023-12-07_14-15-13.jpg

လက်စ်ဗီးဂတ်စ် မြို့တော်ရဲဌာနက ရဲအရာရှိတစ်ဦးရဲ့ အဆိုအရ အသက်ရှင်ကျန်ရစ်တဲ့ သေနတ်နဲ့ ပစ်ခတ်ခံရသူမှာ တည်ငြိမ်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

ဒါ့ပေမဲ့ အကြမ်းဖက်မှုဖြစ်နိုင်တဲ့ အကြောင်းရင်းကို ဖော်ပြထားခြင်းမရှိသလို ရဲတပ်ဖွဲ့က ပစ်ခတ်သူ အသုံးပြုတဲ့ သေနတ်အမျိုးအစားကိုလည်း ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အဲ့ဒီတက္ကသိုလ်မှာ စာရင်းတွေအရ ဘွဲ့ကြိုကျောင်းသား ၂၅,၀၀၀ ခန့်နဲ့ ဘွဲ့ရပြီးသူနဲ့ ပါရဂူဘွဲ့ တက်ရောက်နေသူ ၈,၀၀၀ ခန့်ရှိတယ်လို့လည်း သိရပြီး တက္ကသိုလ်ကို အနည်းဆုံးသောကြာနေ့အထိ ပိတ်ထားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-12-07_14-15-17.jpg

၂၀၁၇ ခုနှစ်က လက်စ်ဗီးဂတ်စ် အစုလိုက်အပြုံလိုက် ပစ်ခတ်မှုအပြီးမှာ ခုလိုပစ်ခတ်မှုကို ကြုံတွေ့ခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူအများအပြားဟာ ပြင်းထန်စွာ တုန်လှုပ်သွားပုံရတယ်လို့ ရဲမှူးက ပြောကြားခဲ့ပြီး ၂၀၁၇ ခုနှစ်က ပစ်ခတ်မှုက အမေရိကန်သမိုင်းမှာ သေနတ်သမားတစ်ဦးတည်းရဲ့ အသေအပျောက်အများဆုံး အစုလိုက်အပြုံလိုက် ပစ်ခတ်မှုအဖြစ် မှတ်တမ်းတင်ခဲ့ပြီး လူခြောက်ဆယ် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Related News