၁. ၁၂. ၂၀၂၃

Written by Treasure

၂၀‌၂‌၆ ကမ္ဘာ့ဖလား‌ ဒုတိယအဆင့်ခြေစစ်ပွဲမှာ နှစ်ပွဲဆက် ဂိုးပြတ်ရှုံးပွဲကြုံတွေ့ခဲ့ရတဲ့ မြန်မာအသင်းဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကနေ နိုဝင်ဘာလအတွက် ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ ၄ ဆင့်ကျဆင်းပြီး အဆင့် ၁၆၂ ကို ပြန်လည်ရောက်ရှိသွားပါတယ်။

နည်းပြချုပ် မိုက်ကယ်ကိုင်တွယ်နေတဲ့ မြန်မာအသင်းဟာ အောက်တိုဘာလက နီပေါအသင်း၊ မကာအိုအသင်းတွေကို အနိုင်ရရှိခဲ့တာကြောင့် ရမှတ်တွေ ရရှိခဲ့ပြီး ကမ္ဘာ့အဆင့် ၁၆၁ ကနေ ကမ္ဘာ့အဆင့် ၁၅၈ အထိ တက်လာခဲ့တာဖြစ်ပေမယ့် နိုဝင်ဘာလအတွင်းမှာ ဂိုးပြတ်ရှုံးပွဲ ၂ ပွဲကြောင့် ၁၆၂ ကို ပြန်လည်ကျဆင်းခဲ့တာပါ။

This image has an empty alt attribute; its file name is photo_2023-12-01_12-44-44-1024x683.jpg

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကနေ နိုဝင်ဘာလအတွက် ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ အာဂျင်တီးနားနဲ့ ပြင်သစ်တို့က ကမ္ဘာ့အဆင့် ‌၁ နဲ့၂ နေရာမှာ အပြောင်းအလဲမရှိရပ် တည်နေပြီး အင်္ဂလန်က အဆင့် ၃၊ ဘယ်လ်ဂျီယံက အဆင့် ၄၊ ဘရာဇီးက အဆင့် ၅၊ နယ်သာလန်က အဆင့် ၆၊ ပေါ်တူဂီက အဆင့် ၇၊ စပိန်က အဆင့် ၈၊ အီတလီက အဆင့် ၉၊ ခရိုအေးရှားက အဆင့် ၁၀ မှာ အသီးသီးရပ်တည်ခဲ့ပါတယ်။

အာရှတိုက်ရဲ့ ထိပ်သီးအသင်း ၁၀ သင်းအဖြစ် ဂျပန်က အဆင့် ၁၇၊ အီရန်က အဆင့် ၂၁၊ တောင်ကိုရီးယားက အဆင့် ၂၃၊ ဩစတေးလျက အဆင့် ၂၅၊ ဆော်ဒီက အဆင့် ၅၆၊ ကာတာက အဆင့် ၆၀၊ အီရတ်က အဆင့် ၆၈၊ ယူအေအီးက အဆင့် ၇၀၊ အိုမန်က အဆင့် ၇၅ နဲ့ ဥဇဘက်ကစ္စတန်အသင်းက အဆင့် ၇၇ နဲ့ ရပ်တည်နေပါတယ်။

This image has an empty alt attribute; its file name is photo_2023-12-01_12-44-46-1024x683.jpg

အာဆီယံဒေသတွင်း အသင်းတွေမှာ ဗီယက်နမ်က ကမ္ဘာ့အဆင့် ၉၄ မှာ ဆက်လက်ရပ်တည်နေပြီး ထိုင်းက အဆင့် ၁၁၃၊ မလေးရှားက အဆင့် ၁၃၀၊ ဖိလစ်ပိုင်က အဆင့် ၁၄၀၊ အင်ဒိုနီးရှားက အဆင့် ၁၄၆၊ စင်ကာပူက အဆင့် ၁၅၆၊ မြန်မာကအဆင့် ၁၆‌၂၊ ကမ္ဘောဒီးယားက အဆင့် ၁၇‌၉၊ လာအိုကအဆင့် ၁၈၉၊ ဘရူနိုင်းက အဆင့် ၁၉၄ နဲ့ တီမောက ကမ္ဘာ့အဆင့် ၂၀၀မှာ အသီးသီးရပ်တည်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *