၁. ၁၂. ၂၀၂၃
Written by Nay Moe

သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်မှာ အမျိုးသားဒီမိုကရေစီပါတီသစ် (New National Democracy Party) ဥက္ကဋ္ဌ ဦးသန်းထွန်းကို ဒီနေ့မနက် ၈ နာရီခွဲခန့်က PDF၂ ဦးက သေနတ်နဲ့ ပစ်ခတ်သ-ဖြ-ခဲ့မှုမှာ လုပ်ကြံတဲ့ PDF နှစ်ဦးဟာ ငမိုးရိပ် Mission Network က PDF တွေဖြစ်တယ်လို့ လုပ်ကြံတဲ့ ငမိုးရိပ် Mission Network အဖွဲ့က ဝန်ခံချက်ထုတ်ပြန်လာပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ အပိုင်း (၃)၊ (၃) လမ်း၊ အမှတ် (၆၂၉)ရှိ “မကြီး” မိတ္တူဆိုင်ကို ဒီနေ့ ဒီဇင်ဘာ ၁ ရက် နံနက် ၈ နာရီခွဲခန့်မှာ အနက်ရောင်အင်္ကျီဝတ်ထားတဲ့ ငမိုးရိပ် Mission Network အဖွဲ့ဝင် PDF ၂ ဦးက မိတ္တူဆွဲမဲ့ဟန်ဆောင်ပြီး ဆိုင်အတွင်းဝင်ရောက်ကာ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဦးသန်းထွန်းဟာ ဝဲရင်အုံ ကျည်ထိမှန်ဒဏ်ရာ (၁) ချက်၊ ယာရင်အုံ ကျည်ထိမှန်ဒဏ်ရာ (၁) ချက်၊ ဝဲလက်ဖျံ ကျည်ထိမှန်ဒဏ်ရာ (၁) ချက်၊ ယာလက်မောင်းရင်း ကျည်ထိမှန်ဒဏ်ရာ (၁) ချက်တို့ရခဲ့လို့ ဦးသန်းထွန်းကို သင်္ဃန်းကျွန်းဆေးရုံဆီ ပို့ဆောင် ကုသပေးချိန် မနက် ၈ နာရီ ၅၀ မိနစ်အချိန်မှာ ကွယ်လွန်ခဲ့တာပါ။

ဦးသန်းထွန်းဟာ “ဖွဲ့စည်းပုံအခြေခံဥပဒေကိုကာကွယ်ဖို့ တပ်မတော်မှာ လုပ်ပိုင်ခွင့်နဲ့ အာဏာရှိနေကြောင်း၊ အာဏာသိမ်းခဲ့သည်ရှိသော် တပ်မတော်ကို ထောက်ခံရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သူဖြစ်လို့၊ ရွေးကောက်ပွဲ မတရားခဲ့ရင် ဝင်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တဲ့ ၃၄ ပါတီမှာ ပါခဲ့လို့၊ ဂျင်မီနဲ့ ဇေယျာသော်ကို သေဒဏ်ပေးတောင်းဆိုခဲ့လို့ သ-ပစ်တာလို့လည်း ငမိုးရိပ် Mission Network က ထုတ်ပြန်လာတဲ့ ဝန်ခံချက်မှာ ဖော်ပြထားပါတယ်။

◾MT News က ဖော်ပြခဲ့သော ကနဦးသတင်း ဖတ်ရှုရန်
https://www.mtnewstoday.com/?p=44709

Leave a Reply

Your email address will not be published. Required fields are marked *