၁. ၁၂. ၂၀၂၃
Written by Pan Ei

၁၉၆၉ ခုနှစ်က လကမ္ဘာပေါ် လူသားတွေ ပထမဆုံး လမ်းလျှောက်ခဲ့ချိန်က သမိုင်းမှာ ထင်ရှားတဲ့ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်။ ထိုနည်းတူစွာပဲ သိပ္ပံနည်းပညာပိုင်းမှာ အကျိုးကျေးဇူးများစွာရရှိစေခဲ့တဲ့ Apollo မစ်ရှင်တွေအပြီး နှစ်ပေါင်း ၅၀ ကျော်အကြာမှာ အမေရိကန်ဟာ လာမယ့် ဇန်နဝါရီလအတွင်း လပေါ်ကို အာကာသယာဉ်တစ်စင်း ဆင်းသက်နိုင်ဖို့ ထပ်မံကြိုးစားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီတစ်ခေါက်မှာတော့ Peregrine လို့ အမည်ပေးထားတဲ့ လပေါ်ဆင်းသက်မယ့်ယာဉ်ပေါ်မှာ ဘယ်သူမှ ပါရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီမစ်ရှင်ဟာ လရဲ့ပတ်ဝန်းကျင်ကို လေ့လာဖို့ NASA က ကိရိယာတွေ ပေးပို့ဖို့စီစဉ်ထားတာဖြစ်ပြီး NASA ရဲ့လကမ္ဘာဆီ လူလိုက်ပါမယ့် Artemis မစ်ရှင်တွေ အောင်မြင်မှုတွေရရှိအောင် ကူညီပေးနိုင်ဖို့ NASA ရဲ့ စီအီးအိုဖြစ်သူ John Thornton က အဲ့ဒီယာဉ်ကို အမေရိကန်ကုမ္ပဏီ Astrobotic Technology က တီထွင်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ULA စက်မှုလုပ်ငန်းအဖွဲ့က Vulcan Centaur အမည်ရှိတဲ့ ဒုံးပျံသစ်ဟာ စတင်ပျံသန်းမှုမှာ ပါဝင်မှာဖြစ်ပြီး လရဲ့ပတ်လမ်းထဲသို့ ဝင်ရောက်ဖို့ ရက်အနည်းငယ်သာ ကြာမှာဖြစ်သလို လကမ္ဘာပေါ်ကို ဆင်းသက်ရာမှာ တည်နေရာမှန်ကန်ဖို့နဲ့ မှန်ကန်တဲ့ အလင်းရောင် လိုအပ်တာကြောင့် Peregrine ယာဉ် လပေါ်ဆင်းသက်ဖို့အတွက် ဇန်နဝါရီလ ၂၅ ရက်အထိ စောင့်ရမှာဖြစ်ပါတယ်။

လက်ရှိအချိန်ထိ လပေါ်ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တဲ့ နိုင်ငံလေးနိုင်ငံသာရှိပြီး အဲ့ဒီနိုင်ငံတွေကတော့ အမေရိကန်၊ ရုရှား၊ တရုတ်နဲ့ မကြာသေးမီက မစ်ရှင်အောင်မြင်ခဲ့တဲ့ အိန္ဒိယနိုင်ငံတို့ ဖြစ်ကြပါတယ်။

Ref; AFP

Leave a Reply

Your email address will not be published. Required fields are marked *

Related News