၂၉. ၁၁. ၂၀၂၃
Written by MMAK

ဂါလာတာစာရေး Vs မန်ယူ

မန်ယူအသင်း ပါဝင်တဲ့ Group A မှာ ဘိုင်ယန်မြူးနစ် တစ်သင်းတည်းသာ အုပ်စုတက်ထားတာဖြစ်တဲ့ အတွက် လက်ကျန်တစ်နေရာအတွက် သုံးသင်းစလုံး မျှော်လင့်ချက် ရှိနေတာဖြစ်ပါတယ်။ ဇယားအောက်ဆုံးက မန်ယူအနေနဲ့ သုံးမှတ်သာ ရထားလို့ ဒီပွဲမှာရှုံးလို့မရသလို နောက်ပွဲ ဘိုင်ယန်မြူးနစ်နဲ့ ကန်ရမှာဖြစ်ပါတယ်။ တူရကီကလပ် ဂါလာတာစာရေးဟာ လျော့တွက်မရသလို မန်ယူအသင်းကို အဝေးကွင်းမှာ အနိုင်ကန်ခဲ့တဲ့အပြင် နေရာစုံကစားသမားတွေကလည်း အဆင့်အတန်းရှိတဲ့ ကစားသမားတွေဖြစ်ပါတယ်။ မန်ယူအသင်းမှာ ချန်ပီယံလိဂ် ငါးဂိုးထိသွင်းထားတဲ့ ဟွိုင်လန်း မပါဝင်နိုင်သလို ရက်ရှ်ဖို့ ၊ ခံစစ်မှူး မာတီနက်တို့လည်း မပါဝင်နိုင်ပါဘူး။ မန်ယူ ဆိုတဲ့ အရှိန်ကြောင့်သာ အဝေးကွင်းကနေ ပြားတစ်ဆယ် ပြန်ပေးထားတယ်လို့ သုံးသပ်မိပါတယ်။ အမှတ်လိုအပ်ချက် ရှိနေပေမဲ့ အဝေးကွင်းမှာ လူမစုံ ခြေစွမ်း မကောင်းသေးဘဲ ဂါလာတာစာရေးကွင်း သွားကန်ရမှာ လွယ်မယ်မထင်ပါဘူး။ မန်ယူအသင်း အဝေးကွင်းမှာ မနိုင်ဘူးလို့ ယူဆတဲ့အတွက် အိမ်ရှင် ဂါလာတာ စာရေးကို ရွေးချယ်ပေးချင်ပါတယ်။

ဆီဗီးလား Vs PSV

နိုင်ပွဲလုံးဝမရသေးဘဲ ဇယားအောက်ဆုံးမှာ နှစ်မှတ်သာရထားတဲ့ ဆီဗီးလားအနေနဲ့ ဒီပွဲနိုင်မှ အုပ်စုတက်ဖို့ မျှော်လင့်ချက် ရှိမှာဖြစ်ပါတယ်။ နယ်သာလန်ကလပ် PSV ကတော့ သူတို့လိဂ်ရဲ့ ဇယားထိပ်ဆုံးမှာ ရပ်တည်နေသလို တစ်ပွဲကို အနိမ့်ဆုံးသုံးဂိုး သွင်းထားနိုင်ပေမဲ့ ချန်ပီယံလိဂ်မှာတော့ လေးပွဲကစား လေးဂိုးသာ သွင်းထားနိုင်ပါတယ်။ အုပ်စုတက်ဖို့ နောက်ဆုံး အခွင့်အရေးအဖြစ် ဆီဗီးလားအနေနဲ့ လုံးဝအနိုင်ကန်ထားဖို့ လိုအပ်နေချိန် ဖြစ်ပေမဲ့ ဘော်ဒီပေါက်ကြေး ဒဲ့ အနေအထားက မဖြစ်သင့်ဘဲ စဉ်းစားစရာ ဖြစ်ပါတယ်။ PSV အသင်း ခြေစွမ်းကောင်းတာ မှန်ပေမဲ့ စပိန်နိုင်ငံ ဆီဗီးလားကွင်းမှာ လာကန်ရမှာ ဖြစ်သလို နိုင်ပွဲရဖို့ အသေအလဲ ကြိုးစားလာမဲ့အသင်းနဲ့ ကန်ရမှာဖြစ်ပါတယ်။ အမှတ်ပေးဇယား ရပ်တည်မှု အခြေအနေအရ ဆီဗီးလားအသင်း အနိုင်ရသွားပြီး လက်ကျန်တစ်နေရာအတွက် ပြိုင်ဆိုင်မှု ပြင်းထန်ဦးမဲ့ အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီပွဲမှာ ကြေးပေါက်အရ မရွေးဘဲ အနိုင်ရဖို့ လိုအပ်နေတဲ့ အိမ်ရှင် ဆီဗီးလား အသင်းကို ရွေးချယ် ထားချင်ပါတယ်။

အာဆင်နယ် Vs လန်းစ်

အာဆင်နယ် အသင်းအနေနဲ့ လက်ကျန်နှစ်ပွဲမှာ တစ်မှတ်ရတာနဲ့ အုပ်စုတက်ပြီ ဖြစ်ပါတယ်။ အခု အိမ်ကွင်းပွဲမှာ သရေကျရင်တောင် အုပ်စုတက်ပြီ ဖြစ်သလို အနိုင်ရရင် အုပ်စုပထမနေရာအတွက် သေချာသွားပြီ ဖြစ်ပါတယ်။ ပြင်သစ်ကလပ် လန်းစ် အသင်းအနေနဲ့ အုပ်စုတက်ဖို့ မျှော်လင့်ချက် ရှိနေသေးတယ်ဆိုပေမဲ့ အာဆင်နယ်ကွင်းမှာတော့ ဘာမှလုပ်ပြနိုင်ဖို့မရှိဘဲ သရေတစ်မှတ်ရဖို့သာ ပိတ်ကစားသွားမယ်လို့ ထင်ပါတယ်။ အာဆင်နယ်အသင်း နှစ်ဂိုးသွင်းမှ ဘော်ဒီကြေးအောင်မှာ ဖြစ်ပေမဲ့ ဂိုးပေါင်းကြေး သုံးလုံးစားဆိုတဲ့ ပေါက်ကြေးအရ လန်းစ်အသင်း ဂိုးမရနိုင်ဘဲ အာဆင်နယ် အနိုင်ရမယ်လို့ ယူဆထားပါတယ်။ လန်းစ်အသင်းရဲ့အိမ်ကွင်းမှာ အရှုံးပေးခဲ့ရတဲ့ အာဆင်နယ်ဟာ အုပ်စုပထမနေရာ သေချာအောင် အိမ်ကွင်းမှာ အနိုင်ကန်လာမှာဖြစ်ပါတယ်။ ပိတ်ကစားလာမဲ့ လန်းစ် အသင်းကြောင့် အာဆင်နယ်အသင်း အဖွင့်ဂိုး ရဖို့ နောက်ကျနိုင်သလို လန်းစ် အသင်းလည်း ဂိုးရဖို့ ခက်ခဲပါတယ်။ ဒီတော့ အာဆင်နယ်အသင်း ကပ်နိုင်မယ်လို့ ယူဆထားပြီး နှစ်သင်းပေါင်း လေးဂိုးထိ မရောက်နိုင်တာကြောင့် ဂိုးပေါင်းအောက် တစ်မျိုးတည်းကို ရွေးချယ်ထားချင်ပါတယ်။

ဘိုင်ယန်မြူးနစ် Vs ကိုပင်ဟေဂင်

ဘိုင်ယန်မြူးနစ်အသင်း ပထမနေရာနဲ့ အုပ်စုတက်သွားခဲ့ပြီး ဖြစ်ပါတယ်။ ကိုပင်ဟေဂင်အသင်း အုပ်စုတက်ဖို့ မျှော်လင့်ချက် ရှိနေသေးတယ်ဆိုပေမဲ့ ဘိုင်ယန်မြူးနစ် ကွင်းမှာတော့ အရှုံးပေးရဖို့ဘဲ ရှိပါတယ်။ သုံးပွဲဆက် ကြေးကျခဲ့တဲ့ ဘိုင်ယန်မြူးနစ် ဒီပွဲမှာတော့ ကြေးအောင်မှာလားဆိုတဲ့အချက်ကို အဓိကစဉ်းစားရမှာ ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်း အိမ်ကွင်းမှာဆို တစ်ပွဲကို အနိမ့်ဆုံး နှစ်ဂိုးသွင်းထားနိုင်တဲ့ အသင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ် ကိုလုံးနဲ့ပွဲမှာ ကြေးအောင်လို့ ရတာကို ကပ်အနိုင်ယူပြီး ကြေးကျအောင် ကန်ထားပါတယ်။ ဒီပွဲမှာလည်း ကိုလုံးနဲ့ ပွဲအတိုင်း နှစ်လုံးသုံးဆယ်စားလောက် ကြေးပေါက်နေသလို ဒီလိုကြေးပေါက်တိုင်း ခဏခဏ ကျနေတဲ့ ဘိုင်ယန်မြူးနစ်အသင်း ဒီပွဲမှာရော ကြေးထပ်ကျခဲ့မယ်ဆို လုပ်ပွဲကစားနေတယ်ဆိုတာကို သိသိသာသာကြီး ဖြစ်လွန်းရာ ကျသွားမှာ ဖြစ်ပါတယ်။ အိမ်ကွင်းမှာ တစ်ပွဲအနိမ့်ဆုံး နှစ်ဂိုးသွင်းထားသလို ပရိတ်သတ်တိုင်း စိတ်ဝင်စားတဲ့ ချန်ပီယံလိဂ်လည်း ဖြစ်နေတာကြောင့် ဒီပွဲမှတော့ ကြေးအောင်သွားမယ်လို့ ထင်ပါတယ်။

ဒီပွဲက ဘိုင်ယန်မြူးနစ်အသင်း လုံးဝကြေးအောင်မဲ့ပွဲလို့ ယူဆထားတာကြောင့် ဘိုင်ယန်မြူးနစ် အသင်းကို အပိုင်ရွေးချယ် ထားစေချင်ပါတယ်။

ရီးရဲမက်ထရစ် Vs နာပိုလီ

ရီးရဲ အုပ်စုတက်ပြီးသားဖြစ်သလို နာပိုလီအသင်းလည်း အုပ်စုတက်ဖို့ အကောင်းဆုံး အခြေအနေရှိပါတယ်။ ဗင်နီစီးယက် ဒဏ်ရာရသွားပေမဲ့ ဘယ်လင်ဟမ်နဲ့ ရိုဒရီဂို ခြေစွမ်းပြနေပြီး ရီးရဲအသင်းရဲ့ အကောင်းဆုံး ခြေစွမ်းကို မြင်တွေ့နေရချိန် ဖြစ်ပါတယ်။ နာပိုလီ အသင်းကတော့ နည်းပြ အပြောင်းအလဲ လုပ်ထားပြီး ပထမဆုံးပွဲမှာ အနိုင်ရရှိထားသလို အဓိကတိုက်စစ်မှူး အိုဆင်ဟမ် ပြန်ပါလာနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီအုပ်စုမှာ ရီးရဲနဲ့ နာပိုလီ အသင်းပဲ အုပ်စုတက်ဖို့ ရှိတယ်ဆိုပေမဲ့ ထိပ်တိုက်တွေ့ဆုံချိန်မှာတော့ ချန်ပီယံလိဂ်နဲ့ အသင်းရဲ့ ဂုဏ်သိက္ခာအတွက် ပြိုင်ဆိုင်မှု ပြင်းထန်ဦးမှာဖြစ်ပါတယ်။ ရီးရဲအသင်း ဒဏ်ရာရ ကစားသမားများနေပေမဲ့ တိုက်စစ်ကောင်းနေသလို နာပိုလီအသင်းရဲ့ တိုက်စစ်ကလည်း ဂိုးမြူးနေတာကို တွေ့ရပါတယ်။ ဒီပွဲမှာလည်း ပထမအကျော့ကလို သွင်းဂိုးတွေနဲ့ ဖျော်ဖြေဦးမယ်လို့ ယူဆထားတဲ့အတွက်ကြောင့် ဂိုးပေါ် တစ်ခုတည်းကို ရွေးချယ် ပေးချင်ပါတယ်။

ဘရာဂါ Vs ယူနီယံ ဘာလင်

ဘရာဂါအသင်းအနေနဲ့ ယူရိုပါလိဂ်ဆင်းကစားဖို့ မျှော်လင့်ချက်ရှိသလို နာပိုလီအသင်းသာ ရီးရဲကိုရှုံးခဲ့ရင်၊ သရေကျခဲ့ရင် ချန်ပီယံလိဂ် အုပ်စုတက်ဖို့အထိ မျှော်လင့်ချက်ကို  ဆုပ်ကိုင်နိုင်ဖို့အတွက် ဒီပွဲ အနိုင်ရဖို့ အရမ်းအရေးကြီးပါတယ်။ ယူနီယံဘာလင် အသင်းအနေနဲ့ ယူရိုပါလိဂ် မျှော်လင့်ချက်ရှိသေးတယ်ဆိုပေမဲ့ အဝေးကွင်းဖြစ်သလို ပွဲဆက်များတာတစ်ကြောင်း သမ္ဘာနုတာတစ်ကြောင်း အခြေအနေ အကြောင်းအရာ အမျိုးမျိုးကြောင့် ခြေစွမ်းဆိုးရွားနေသလို ပြည်တွင်းအမှတ်ပေးပွဲမှာတောင် တန်းဆင်းဇုန်ထဲ ရောက်နေတာ ဖြစ်ပါတယ်။ ဒီပွဲနိုင်ခဲ့ရင် ချန်ပီယံလိဂ် အုပ်စုတက်ဖို့အထိ ဖြစ်လာနိုင်သလို ဘရာဂါအသင်းရဲ့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်လို့ အိမ်ကွင်းမှာ အနိုင်ကန်မှာ သေချာပါတယ်။ အိမ်ကွင်းတိုက်စစ်ကောင်းသလို သမ္ဘာပိုရင့်တဲ့ ဘရာဂါအသင်းကို အပိုင်ပွဲအဖြစ် ရွေးချယ်ပေးလိုက်ပါတယ်။

ဘင်ဖီကာ Vs အင်တာမီလန်

ဘင်ဖီကာအသင်း ပေါ်တူဂီ အမှတ်ပေးလိဂ်မှာ ထိပ်ဆုံးက ဦးဆောင်နေပေမဲ့ ချိန်ပီယံလိဂ်မှာတော့ တစ်မှတ်မှမရသေးဘဲ ဇယားအောက်ဆုံးကို ရောက်နေပါတယ်။ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ် ဖိုင်နယ် တက်ခဲ့တဲ့ အင်တာမီလန်အသင်း အုပ်စုတက်ဖို့ သေချာနေခဲ့သလို အုပ်စုပထမနေရာအတွက်သာ ကြိုးစားရမှာဖြစ်ပါတယ်။ ဘင်ဖီကာအသင်း ယူရိုပါလိဂ် ဆင်းကန်ရဖို့ မျှော်လင့်ချက် ရှိနေသေးတာကြောင့် ဒီပွဲမှာ အိမ်ရှင် ဘင်ဖီကာ အသင်းက ဆယ်ပြား ပြန်ပေးထားတာ တွေ့ရပါတယ်။ အင်တာမီလန်အသင်းအဝေးကွင်းဆိုပေမဲ့ တိုက်စစ်ခံစစ် မျှတသလို ခြေစွမ်း အကောင်းဆုံး အချိန်ဖြစ်လို့ ဘင်ဖီကာအသင်း ကြေးကြောပြန်ပေးထားပေမဲ့ အနိုင်ရဖို့ မလွယ်ပါဘူး။ ဒီပွဲဟာ ပေါက်ကြေးအရ သရေကျသွားနိုင်ပြီး အများဆုံး တစ်ဖက် တစ်ဂိုးစီနဲ့သာ ပွဲပြီးသွားမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီပွဲမှာတော့ ဂိုးပေါင်းအောက် တစ်ခုတည်းရွေးချယ်ပေးချင်ပါတယ်။

ဆိုစီဒက် Vs ဆဲလ်ဘတ်

ဆိုစီဒက်အသင်း အုပ်စုတက်သွားခဲ့ပြီဆိုပေမဲ့ ပထမနေရာ ရရှိဖို့ အင်တာမီလန်နဲ့ အပြိုင်ကြိုးစားရဦးမှာဖြစ်ပါတယ်။ ဆိုစီဒက်အသင်း ကစားပုံနဲ့ ခြေစွမ်း အကောင်းဆုံးအချိန်လို့ ပြောရလောက်အောင် ကောင်းနေသလို ကြေးတွေလည်း ခဏခဏ အောင်နေပါတယ် ။ ဆဲလ်ဘတ်အသင်းအနေနဲ့ ယူရိုပါလိဂ် မျှော်လင့်ချက် ရှိနေလို့ သေချာပြင်ဆင်လာမှာ ဖြစ်ပေမဲ့ ဆိုစီဒက်ကွင်းမှာ သရေလောက်သာ မျှော်လင့်နိုင်ပါတယ်။ ဘော်ဒီကြေး တစ်လုံးနှစ်ဆယ်ရှုံး အနေအထားမှာ ဂိုးပေါင်းကြေး သုံးလုံးသွင်းတာနဲ့ အပြည့်နီးပါး စားရမှာဖြစ်ပါတယ်။ အဝေးကွင်းမှာ သရေရဖို့ ထိန်းကစားလာမဲ့ ဆဲလ်ဘတ်အသင်းကြောင့် ဆိုစီဒက်အသင်းနိုင်ရင်တောင် ဂိုးမပြတ်ဘူးလို့ ယူဆပါတယ် ။ ဆဲလ်ဘတ်အသင်းလဲ ဂိုးရဖို့ မလွယ်လို့ ဒီပွဲမှာတော့ ပေါက်ကြေးဖော်လိုအတိုင်း ဂိုးအောက်တစ်မျိုးတည်းကိုပဲ ရွေးချယ်ထားချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *