၂၉. ၁၁. ၂၀၂၃

Translated by Htwe Ko Tun

မလေးရှားနိုင်ငံတွင် တည်ဆောက်ဆဲကုန်လှောင်ရုံတစ်ခု ပြိုကျမှုတစ်ရပ် နိုဝင်ဘာ ၂၈ ရက်ညက ဖြစ်ပွားခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အလုပ်သမားသုံးဦးသေဆုံးခဲ့ရပြီး နှစ်ဦးမှာ ပြင်းထန်စွာဒဏ်ရာရရှိသောကြောင့် ဆေးရုံသို့တင်ပို့ထားရကြောင်း မလေးရှားရဲတပ်ဖွဲ့ကပြောခဲ့သည်။

ကုန်လှောင်ရုံပြိုကျမှုက ဘာရန်လီပတ်စ်ခရိုင်ခွဲ၊ ဘာတူမောင်မြို့တွင် နိုဝင်ဘာ ၂၈ ရက်၊ ည ၉ နာရီ ၅၈ မိနစ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရအလုပ်သမားများအား ပီနန်ဆေးရုံသို့ တင်ပို့ခဲ့ကာ အလုပ်သမား လေးဦးမှာလည်း ပြိုကျအပျက်အစီးများအောက်တွင် ပိတ်မိနေကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-11-29_15-46-23.jpg

ကယ်ဆယ်ရေးလုပ်ငန်းများကို နိုဝင်ဘာ ၂၉ ရက် နံနက်တွင်လည်း ဆက်လက်ဆောင်ရွက်နေပြီး ပိတ်မိနေသူအားလုံးကို ကယ်တင်နိုင်သည်အထိ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်သွားမည်ဟု မီးသတ်နှင့် ကယ်ဆယ်ရေးဦးစီးဌာနက ပြောခဲ့သည်။ ပြိုကျအပျက်အစီးများကို စက်ယန္တရားကြီးတစ်ခုဖြင့် ဖယ် ရှားလျက်ရှိသော်လည်း ၎င်းတို့၏အလေးချိန်နှင့် အရွယ်ပမဏတို့ကြောင့် ဖယ်ရှားရာတွင် အခက်အခဲများ ဖြစ်နေရသည်ဟု ဆိုသည်။

အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ စုစုပေါင်း အလုပ်သမား ၁၈ ဦးရှိရာ ကိုးဦးမှာ ခေတ္တအလုပ်နားချိန်ဖြစ်ပြီး အလုပ်ခွင်၌ အလုပ်သမားကိုးဦးသာရှိမည်ဟု ယုံကြည်ရသည်။

Ref- bdnews24.com

Leave a Reply

Your email address will not be published. Required fields are marked *