၂၉. ၁၁. ၂၀၂၃
Written by Nyein Kyaw

ရခိုင်ပြည်နယ်တွင် တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၂ ဦး သေဆုံးမှုသည် သတင်းအမှားသာဖြစ်ပြီး တပ်မတော်အနေဖြင့် ပြည်သူများနေထိုင်ရာ နေရာများသို့ မည်သည့်အချိန်အခါမှ လက်နက်ကြီးဖြင့် မပစ်ခတ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) က ယနေ့တွင် အသိပေးထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ ယနေ့အထိ အရပ်သားပြည်သူ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၈ ဦး၊ စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့သည်ဟု အေအေပီပီမှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရ သိရှိရကြောင်း DVB သတင်းဌာနက သတင်းအတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ဟု ဆိုသည်။

DVB အပါအဝင် တရားမဝင် မီဒီယာများအနေဖြင့် နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများ ဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံ မဟုတ်မမှန် သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရေအတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲလျက်ရှိသည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမျိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေးတို့အတွက် အကြမ်းဖက်သမားများကို ထုတ်ပြန်ထားသည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rule of Engagement-ROE) နှင့်အညီ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation) ကို တိကျစွာလိုက်နာဆောင်ရွက်လျက်ရှိပြီး ယခုတရားမဝင် မီဒီယာက ရေးသားထားသည့်သတင်းမှာ မှန်ကန်မှုမရှိဘဲ တပ်မတော်မှ ပြည်သူများနေထိုင်ရာနေရာများသို့ မည်သည့်အခါမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုမရှိကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News