MT News
၂၄. ၁၁. ၂၀၂၃
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကို တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်တဲ့ ထိုင်း ဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နဲ့ဇနီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကို ရောက်ရှိလာလို့ တပ်မတော်(လေ)က အရာရှိကြီးတွေ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစစ်သံမှူးနဲ့ တာဝန်ရှိသူတွေက နေပြည်တော်လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ကြပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ သူရဲ ကောင်းဗိမာန် (နေပြည်တော်)ကို သွားရောက်ပြီး အထိမ်း အမှတ် ကျောက်တိုင်ရှေ့မှာ ဂုဏ်ပြုပန်းခြင်းနဲ့ နိုင်ငံတော်နဲ့တပ်မတော်အတွက် အသက်စွန့်ခဲ့ကြသူတွေကို အလေး ပြုခဲ့ကြပါတယ်။

မွန်းလွဲပိုင်းမှာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်ဟာ ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ဦးဆောင်တဲ့ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ကို ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တွေ့ဆုံပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးရေးခရီးစဉ်အဖြစ် အပြန်အလှန် လည်ပတ်ရေးဆိုင်ရာကိစ္စရပ်တွေ၊ သင်တန်းသားစေ လွှတ်ရေးဆိုင်ရာကိစ္စရပ်တွေ၊ နှစ်နိုင်ငံ လေတပ်နှစ်ရပ်အကြား ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရေး ဆိုင်ရာကိစ္စရပ်တွေ၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရချိန် ကူညီကယ်ဆယ်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊ နည်းပညာအချက်အလက်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်တွေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ် (Humanitarian Assistance and Disaster Relief-HADR) ဆိုင်ရာ ကိစ္စရပ်တွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


