April 27, 2024

၁၅. ၁၁. ၂၀၂၃
Written By Thandar

ပရိသတ်အားလုံးရဲ့ အချစ်တော် ကစ်ကစ်ဆိုတဲ့ မင်းသမီးလေး ဝတ်မှုန်ရွှေရည်ကတော့ ချစ်သူနဲ့ Pre Wedding ပုံလေးကို ပွင့်လင်းမြင်သာစွာချပြလာပြီ ဖြစ်ပါတယ်။

“In the world of love, our hearts dance ၊ Thank you so much for all the beautiful wishes ” ဆိုပြီး သရုပ်ဆောင် ဝတ်မှုန်ရွှေရည်က ပြောပါတယ်။

သူမကို ချစ်ခင်ကြတဲ့ အနုပညာအသိုင်းအဝိုင်းကတော့ ပရိသတ်တွေကလည်း Congratulation! လိုက်ဖက်မှုကြီး၊ တန်ဖိုးထားခံရတာမြင်ရတော့ ဝမ်းသာပါတယ်၊ ကိုရီးယားမင်းသမီးလေးကျနေတာပဲ၊ စိုင်းစိုင်းအတွက် မျက်ရည်တစ်စက်၊ အသည်းတွေကွဲ၊ ချစ်လိုက်တာ စတာတွေကို Comment တွေ ပေးထားကြတာလည်း ဖြစ်ပါတယ်။

လက်တွဲဖော်ဟာ ယခင် ပရိသတ်တွေ ခန့်မှန်းထားကြတဲ့ အလှမယ် သရုပ်ဆောင် မိုးစက်ဝိုင်ရဲ့ အကို (နိုင်ဖြိုးကျော်) လည်း ဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်ကတော့ မိုးစက်ဝိုင်နဲ့ ယောက်မ တော်ရတော့မှာဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ မိမိုက်နေတဲ့ Pre Wedding ပုံလေးတွေက ပြည်ပနိုင်ငံမှာ အချိန်သေချာပေးပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *