၁၅. ၁၁. ၂၀၂၃
Written by Nay Moe

အပြစ်မဲ့ လမ်းတံတားလုပ်သား ၂၅ ကျော် သ-တ်ဖြ-တ်မှုနဲ့ KNU က ထုတ်ပယ်ခံထားရတဲ့ စောနယ်ဒါးဘိုမြက ကော်သူးလေအစိုးရဖွဲ့စည်းလိုက်ပြီး သမ္မတအဖြစ် မိမိကိုယ်မိမိ ကြေညာလိုက်တဲ့ ထုတ်ပြန်ချက်တစ်ရပ် ထွက်ပေါ်လာပါတယ်။

KNU ​တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောဘိုမြရဲ့သားဖြစ်တဲ့ စောနယ်ဒါးဘိုမြဟာ KNU လက်အောက်ခံ KNDO ရဲ့ စစ်ဦးစီးချုပ်ဟောင်းဖြစ်ပြီး လမ်းတံတားလုပ်သားတွေ အစုလိုက်အပြုံလိုက်သ-တ်ဖြ-တ်မှုကြောင့် KNU က သူ့ကို ရာထူးကထုတ်ပယ်ခံရပြီးနောက်မှာ ကော်သူးလေတပ်မတော်(KTLA)တည်ထောင်ပြီး စစ်ဦးစီးချုပ်အဖြစ် နေရာယူခဲ့ပါတယ်။

KTLA တည်ထောင်ပြီးနောက်မှာ စောနယ်ဒါးဘိုမြဟာ KNU လက်နက်ကိုင်တွေကို ပြန်လည် တိုက်ခိုက်ခဲ့သလို ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းမှာဆိုရင် KNU တပ်မဟာ (၇) နယ်မြေကရွာတွေကို KTLA က ဝင်ရောက်လုယက်လို့ KNU တပ်မဟာ (၇) က စောနယ်ဒါးမြရဲ့တပ်တွေကို သူ့ပိုင်နက်မှာ အခြေချလှုပ်ရှားခွင့်မပြုဘူးလို့ စာထုတ်ခဲ့ပါသေးတယ်။

အပြစ်မဲ့လမ်းလုပ်သား ၂၅ ဦးကို အစုလိုက်အပြုံလိုက်သ-တ်ဖြ-တ်မှုကြောင့် KNU ရဲ့ KNDO စစ်ဦးစီးချုပ်ရာထူးက ထုတ်ပယ်ခံထားရတဲ့ စောနယ်ဒါးဘိုမြက ကိုယ့်ကိုယ်ကိုယ်သမ္မတအဖြစ် ကြေညာချက်နဲ့ပတ်သက်ပြီး အဝေးရောက်အစိုးရလိုအမည်ခံထားတဲ့ NUG နဲ့ ကရင်လက်နက်ကိုင်တွေက တစ်စုံတစ်ရာမထုတ်ပြန်သေးသလို ကော်သူးလေအစိုးရဖွဲ့စည်းတာနဲ့ပတ်သက်တဲ့အချက်အလက်တွေ မှန်မမှန်ကို MT News က ဆက်လက်အတည်ပြုနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *