၆. ၁၀. ၂၀၂၃
Written by Nay Moe
ဘုန်းတော်ကြီးသင်ကျောင်းတွင် ကျောင်းဆရာအဖြစ် လုပ်ကိုင်နေသည့် အသက် ၆၀ အရွယ် ကျောင်းဆရာတစ်ဦးကို PDF များက သတ်ဖြတ်မှု မတ္တရာမြို့နယ်တွင် ဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၃ ရက် နံနက် ၇ နာရီ ၄၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာနေ ရေနားဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ကျောင်း ဆရာလုပ်ကိုင်နေသူ ဦးထွန်းလှိုင် (၆၀)နှစ်အား နဖူးနှင့် ဦးခေါင်းတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်အား စိစစ်ခဲ့ရာ ၎င်းသည် အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၃ နာရီခွဲတွင် ၎င်း၏နေအိမ်၌ရှိနေစဉ် PDF များက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်တွင် PDF များက ဦးထွန်းလှိုင်ကို ဖမ်းဆီးသွားပြီးနောက် မတ္တရာမြို့နယ်၊ လက်ဝဲကြီးကျေးရွာအနီး လက်ဝဲကြီး-လမိုင်းကျေးရွာချင်းဆက် တံတားပေါ်တွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကျူးလွန်သူများကို ဖမ်းဆီးရမိရေး တာဝန်ရှိသူများက ဆက်လက်စုံစမ်းနေကြောင်း သိရသည်။
