၃၀. ၉. ၂၀၂၃
Translated by Thettant

◾ မန်ယူ Vs ခရစ္စတယ်ပဲလေ့စ်

အနိုင်ရဖို့လိုအပ်နေတဲ့ သရဲနီတွေဟာ ပြီးခဲ့တဲ့အပတ် ခရာဘောင်းဖလားမှာ လူငယ်တွေနဲ့ကန်ခဲ့ချိန် သုံးဂိုးပြတ်အနိုင်ရခဲ့တဲ့ ပဲလေ့စ်အသင်းကို အိမ်မက်ကဇာတ်ရုံမှာပဲ လက်ခံရဦးမှာပါ။ လက်ရှိမှာ မန်ယူအသင်းဟာ ဒဏ်ရာရနေတဲ့သူတွေ ပြန်ပြီးပါဝင်လာဖွယ်ရှိနေတာ အမှတ်ပေးဇယားအလယ်မှာ မျက်နှာငယ်နေရတာကို အဆင့်တက်လာဖို့ ပဲလေ့စ်ကို အနိုင်ကန်ရမှာပါ။ ဒါကြောင့်မို့လို့ ဒီပွဲကိုတော့ မန်ယူက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရမှာလို့ ဘာဘာတော့ဗ်က ခန့်မှန်းပါတယ်။ Sports Mole ကတော့ မန်ယူက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူသွားမယ်လို့ ခန့်မှန်းထားပါတယ်။

◾ အက်စတွန်ဗီလာ Vs ဘရိုက်တန်

ဗီလာဟာ ဘရိုက်တန်ကို နောက်ဆုံးငါးပွဲမှာ တစ်ပွဲပဲသရေကျပြီး ကျန်တဲ့လေးပွဲစလုံး အနိုင်ရထားတာပါ။ ဒီတစ်ခါကစားရမှာကလည်း ဗီလာပါ့ခ်မှာဖြစ်သလို ပြီးခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲမှာလည်း တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ပုံစံကောင်းရထားပေမဲ့ ယူရိုပါကွန်းဖရန့်လိဂ်နဲ့ ကရာဘောင်ကရှုံးပွဲကို ကုစားဖို့ ဒီနေ့ပွဲကို အနိုင်ရရေးကြိုးပမ်းလာမှာပါ။ ဒါပေမဲ့ တစ်ဖက်ပြိုင်ဘက်ကလည်း ပရီးမီးယားလိဂ် ၆ ပွဲမှာ ငါးပွဲအနိုင်ရထားပြီး အဆင့် ၃ မှာ ရပ်တည်နေတဲ့ ဘရိုက်တန်ဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ရာသီထက်လည်း Rhythm မှန်နေတာပါ။ ဒီနေ့တွေ့ဆုံမှုဟာ ပုံစံကောင်းရနေတဲ့ သူတို့နှစ်သင်းအတွက် အကြိတ်အနယ်ယှဥ်ပြိုင်ရင်း ၂ – ၂ သရေကျသွားနိုင်တယ်လို့ Bervatov က ခန့်မှန်းပြီး Sportskeeda ကတော့ ဘရိုက်တန်က ၃ ဂိုး ၂ ဂိုးနဲ့ နိုင်သွားမယ်။ နှစ်သင်းစလုံး ဂိုးအပြိုင်သွင်းမှာမို့လို့ ဂိုးပေါ်သွားလိမ့်မယ်လို့ ခန့်မှန်းပါတယ်။

◾ အဲဗာတန် Vs လူတန်တောင်း

၀ုလ်ဗ်နဲ့ပွဲမှာမှ ပထမဆုံးတစ်မှတ်စရခဲ့တဲ့ လူတန်တောင်းဟာ အိမ်ဖြည့်သာသာအသင်းအဆင့်ပဲရှိပြီး လက်ရှိမှာလည်း အဝေးကွင်းမှာ အနိုင်မဲ့ရလဒ်နဲ့ အမှတ်ဗလာ အိမ်ပြန်ရမဲ့အခြေအနေပါ။ အဲဗာတန်ကလည်း ဒီရာသီမှာ ရလဒ်မကောင်းဘူးဆိုပေမဲ့ ဘရန့်ဖို့တ်ကို အဝေးကွင်းမှာ ၃ ဂိုးသွင်းနိုင်ခဲ့သလို ခရာဘောင်းဖလားမှာလည်း ဗီလာကို အနိုင်ယူထားတာကြောင့် အိမ်ဖြည့်လူတန်ကို အိမ်ကွင်းမှာ အပီအပြင်ကန်ပြမှာဖြစ်လို့ အဲဗာတန်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူသွားမယ်လို့ ဘာဘာတော့ဗ်က ခန့်မှန်းပါတယ်။

◾ ဘုန်းမောက် Vs အာဆင်နယ်

ဒီရာသီမှာ နိုင်ပွဲမရှိသေးတဲ့ ဘုန်းမောက်ဟာ အာဆင်နယ်ကို တွန်းလှန်နိုင်ဖို့မလွယ်ပေမဲ့ အိမ်ကွင်းမှာတော့ သူတို့က အလွယ် တကူအနိုင်ရမဲ့အသင်းမျိုးမဟုတ်ဘူးဆိုတာ ပြသဖို့ ကြိုးစားမှာပါ။ ဒီကလန်ရိုက် ပါဝင်နိုင်မှာမဟုတ်ပေမဲ့လည်း မန်စီးတီးကို စိန်ခေါ်ပြီး ချန်ပီယံဖလား မျှော်လင့်နိုင်ဖို့ဆိုရင် ဒီလိုမျိုးအသင်းငယ်လေးတွေကို အနိုင်ရထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဘာဘာတော့ဗ်က ဘုန်းမောက် ၁ ဂိုး အာဆင်နယ် ၂ ဂိုးရလဒ်ထွက်မယ်လို့ ခန့်မှန်းထားပါတယ်။

◾ နယူးကာဆယ် Vs ဘန်လေ

မန်စီးတီးအသင်းကိုတောင် ခရာဘောင်းဖလားမှာ ထိုက်ထိုက်တန်တန်အနိုင်ရထားလို့ စိတ်ဓာတ်တက်ကြွနေတဲ့ ငှက်ကျားတွေအဖို့ ဘန်လေဆိုတာ ခက်ခဲတဲ့ပြိုင်ဘက်မဟုတ်ပါဘူး။ အမှတ်ပေးဇယားအောက်ဆုံးက ဘန်လေဟာ နယူးကာဆယ်ကို အဝေးကွင်းမှာ ဘာမှလုပ်ပြနိုင်မှာလည်း မဟုတ်လို့ နယူးကာဆယ်ကပဲ ၃ ဂိုး၊ ဂိုးမရှိနဲ့ နိုင်သွားမယ်လို့ ခန့်မှန်းပါတယ်။

◾ ဝက်စ်ဟမ်း Vs ရှက်ဖီး

အိမ်ကွင်းမှာ နယူးကာဆယ်ကို ရှစ်ဂိုးပြတ်နဲ့ ဂိုးအလှုပေးခဲ့ရတဲ့ ရှက်ဖီးအတွက်တော့ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ရင်ဆိုင်ဖို့ အားမရှိနိုင်ပါဘူး။ ဝက်စ်ဟမ်းကလည်း မန်စီးတီး၊ လီဗာပူးတို့လို ထိပ်ဆုံးက အသင်းကြီးတွေကို နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့မှု ချေဖျက်ဖို့ လိုအပ်နေတာကြောင့် ရှက်ဖီးလို အသင်းမျိုးနဲ့ အိမ်ကွင်းကန်ရချိန်မှာ အမှတ်ယူဖို့ ကြိုးစားမှာဖြစ်လို့ ဝက်စ်ဟမ်း ၂ – ၀ ရှက်ဖီးပါ။

◾ ၀ုလ်ဗ် Vs မန်စီးတီး

ဘယ်လောက်ပဲအရေးမပါဘူးပြောပြော ဖလားလေးလုံးအိပ်မက် နယူးကာဆယ်ကို အရှုံးနဲ့ ပျက်ပြယ်ခဲ့ရတဲ့ မန်စီးတီးဟာ ဒီပွဲစဉ်မှာတော့ အနိုင်ယူမှာပါ။ အိမ်ကွင်းဖြစ်နေပေမဲ့လည်း ၀ုလ်ဗ်ဟာ အံအားသင့်စရာတွေ ဖန်တီးပြပြီး မန်စီးတီးကို အနိုင်ယူမယ်လို့ တွေးမယ်ဆိုရင်တောင် ဒီအတွေးက လက်တွေ့ကျမှာ မဟုတ်ပါဘူး။ ၀ုလ်ဗ်ဟာ ကစားသမားကောင်းတွေရှိပြီး ကစားပုံလည်း ကောင်းပေမဲ့လည်း သူတို့ရဲ့ အကျပ်အတည်းကတော့ ဂိုးမသွင်းတတ်တာပါ။ ဒီလိုမျိုး ဂိုးမသွင်းတတ်ပုံမျိုးနဲ့ ရာနှုန်းပြည့်နိုင်ပွဲဆက်ပြီး ဖလားသုံးလုံးအိပ်မက် ဆက်မက်နေတဲ့ မန်စီးတီးကပဲ ၀ုလ်ဗ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူသွားပါလိမ့်မယ်။

◾ စပါး Vs လီဗာပူး

ဒီတစ်ပတ်ပွဲစဉ်တွေထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးတွေ့ဆုံမှုဖြစ်ပြီး ခြေမှန်နေတဲ့ ဒီနှစ်သင်းလုံးအတွက် အနိုင်ရရေးကြိုးပမ်းချက်က ခက်ခက်ခဲခဲရုန်းကန်ရမှာပါ။ စပါးဟာ မန်ယူ၊ ဘုန်းမောက်၊ ဘန်လေ၊ ရှက်ဖီးတို့ကို အနိုင်ယူခဲ့ပြီး အာဆင်နယ်ကို အဝေးကွင်းမှာ ၂-၂ နဲ့ သရေကစားထားနိုင်တဲ့အသင်းပါ။ ဒီရာသီမှာ စပါးဟာ ဟယ်ရီကိန်းမရှိတော့ပေမဲ့လည်း မက်ဒီဆင်နဲ့ ဆွန်ဟောင်မင်တို့ရဲ့ သွင်းဂိုးတွေနဲ့ နိုင်ပွဲတွေဆက်နေတာ မြင်ရသလို လီဗာပူးကလည်း ချဲလ်ဆီးကို သရေကျပြီးကတည်းက နိုင်ပွဲတွေ ဆက်နေသလို နူးနက်ဇ်၊ ဆာလားတို့ကလည်း အကောင်းဆုံးခြေစွမ်းတွေနဲ့မို့လို့ နှစ်သင်းစလုံးမှာ ဂိုးသွင်းတတ်တဲ့ ကစားသမားတွေ ရှိနေတာပါ။ ဒီပွဲဟာ အကြိတ်အနယ်ကန်ကြရမဲ့ပွဲဖြစ်ပြီး စပါးက လီဗာပူးကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်သွားမယ်လို့ ဘာဘာတော့ဗ်က ခန့်မှန်းပါတယ်။

Ref, ​Metro

Leave a Reply

Your email address will not be published. Required fields are marked *