၂၉.၉.၂၀၂၃
Written By Thandar

တတိယအကြိမ်မြောက် အသက် (၇၅) နှစ်နဲ့အထက် သက်ကြီး သဘင်ဘိုးဘွား ပညာရှင်ကြီးတွေကို ပူဇော်ကန်တော့ပွဲကို လာမယ့် အောက်တိုဘာ ၇ ရက်နေ့မှာ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး( ဗဟို) အတွင်းရေးမှူ ဦးနေဝင်းက MTNews Entertainment ကို ပြောပါတယ်။

“တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်တွေ ရှိတာကို ဗဟိုအဆင့်တွေ စီမံတယ်။ ပြည်နယ်နဲ့တိုင်း ၁၄ ခုအပြင် နေပြည်တော်စာရင်းပါ ၅ ခုရှိတယ်။ မြို့နယ်အနေနဲ့ ၂၆၅ မြို့နယ်လောက်ကို တစ်နိုင်ငံလုံးမှာလည်း ဖွဲ့စည်းထားတာ ဖြစ်တယ်။ ကိုယ့်တိုင်းအလိုက် ရန်ပုံငွေဖျော်ဖြေပွဲတွေလုပ်ပြီး သက်ကြီးပညာရှင်တွေကို ကန်တော့ကြတယ်။ စဉ်ဆက်မပြတ် ကန်တော့ပွဲတွေလည်း လုပ်ခဲ့ပါတယ်။ လူကြီးတွေကို ကန်တော့တာက နှစ်ဦးကာလ၊ သီတင်းကျွတ်အခါတို့ ဝါကျွတ်ကာလတွေမှာ ကန် တော့ခဲ့ကြပါတယ်။ ၂၀၂၀ ကရင်ပြည်နယ်မှာ ကျင်းပါဖို့ပဲ။ ကျန်းမာရေးဖြစ်တဲ့ ကိုဗစ်ကြောင့် ရွှေ့ဆိုင်းခဲ့တာပါ။ သွားရေးလာရေးခက်ခဲတာကြောင့် ကျွန်တော်တို့က တတိယအကြိမ်ကို ရန်ကုန်မြို့မှာ ကြိုးစားကျင်းပတာဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်က အဘိုးအဘွားတွေကို စောင်ရှောက်မယ့် အမှုဆောင်တွေပါလာပါမယ်။ ဘိုးဘွားတွေ ကန်တော့အခါမှာ ဖျေ ာ်ဖြေရေး အစီအစဥ်တွေလည်း ထည့်သွင်းထားပါတယ်”လို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံး( ဗဟို) အတွင်းရေးမှူ ဦးနေဝင်းက MTNews Entertainment ကို ပြောပါတယ်။

၂၀၁၉ ခုနှစ်က ၇၅ နှစ်အထက် သက်ကြီးကန်တော့ခံ သဘင်ပညာရှင် ၈၀၀ ကျော်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့ သက်ကြီးကန်တော့ခံ သဘင်ပညာရှင် လက်ရှိစာရင်းကောက်ခံမှုအရ သဘင်ဘိုးဘွား ၁၀၅၀ ဦးခန့်ရှိတယ်လို့ သိရပါတယ်။ ဘိုးဘွားတစ်ဦး ငွေသား ၁ သိန်းကျပ်နှုန်း ကန်တော့ပစ္စည်းတွေနဲ့ လှူဒါန်းနိုင်ဖို့စီစဉ်ထားပါတယ်လို့ သိရပါတယ်။ ကန်တော့ခံကြမယ့် သဘင်ဘိုးဘွားတွေ ပွဲနေ့မတိုင်မီ ရန်ကုန်မြို့မှာ ကြိုရောက်ကြရမှာဖြစ်ပါတယ်။ ဒီဘိုးဘွား‌တွေကို သဘင်မိသားစုတွေနဲ့ စေတနာရှင်‌တွေက ကျွေးမွေးပြုစု ဧည့်ခံဖို့လည်း စီစဉ်ထားပါတယ်။

မြန်မာတစ်ပြည်လုံးရှိ သဘင်ပညာရှင်များ သက်ကြီးပူဇော်ပွဲကိုတော့ ၂၀၁၈ ခုနှစ်က ရန်ကုန်မြို့မှာ ပထမ အကြိမ်၊ ၂၀၁၉ ခုနှစ်က မန္တလေးမြို့မှာ ဒုတိယအကြိမ် ကျင်းပခဲ့ပြီး တတိယအကြိမ် ကရင်ပြည်နယ်ဘက်မှာ ကျင်းပဖို့လျာထားပေမယ့် ကိုဗစ်‌ရောဂါကြောင့် ပွဲကျင်းပဖို့ မလုပ်ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

“သဘင်အဖွဲ့တွေထဲ ကြိုတင်အလှူခံတာတွေ လုပ်ဆောင်နေတာကြာပါပြီ။ ရေသန့်တစ်ဘူးစာ ကျပ်၅၀၀ ပဲဖြစ်ဖြစ် ၊ ထမင်းတစ်နပ်စာ ကျပ် ၅၀၀၀ ပဲဖြစ်ဖြစ် ပါဝင်လှူဒါန်းနိုင်ပါတယ်။ ကျွန်တော်တို့က သိန်း ဘယ်လောက်လှူမှ ရယ်လို့ မသတ်မှတ်ထားပါဘူး။ ကျွန်တော်တို့ သဘင်က အရမ်းအင်အားများတယ်လေ။ နောက်တစ်ခုက ကျယ်ပြန့်တာကြောင့် ချမ်းလည်း မချမ်းသာကြပါဘူး။ ရုပ်ရှင်၊ ဂီတဘက်တွေမှာ အတိုင်းအတာတစ်ခုထိတော့ ပြေလည်ကြပေမယ့် ကျွန်တော်တို့ သဘင်တွေကတော့ ပွဲလမ်းတွေလည်း မကကြရဘူးဆိုတော့ အကုန်လုံးဆင်းရဲတဲ့အနေအထားမှာရှိတယ်။ ကြိုးစားရုန်းကန်နေရတဲ့ အနေအထားမှာ ရှိတဲ့အတွက် ပြည်ပကအလှူရှင်တွေ လိုအပ်ပါတယ်။ ဒါကြောင့် လှူလိုသူတွေကို လာရောက်ဆက်သွယ် လှူနိုင်ပါတယ်”လို့ သူကဆက်ပြောပါတယ်။

သဘင်ကန်တော့် ပွဲကျင်းပရေးဗဟိုကော်မတီကို လှူဒါန်းလိုသူ စေတနာရှင်တွေက Mobile Pay Account နဲ့ CB Bank, KPay, Wave, CB Pay, 0197600900006742, 09 672463233 နံပါတ်တွေကို ပါဝင်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *