
PDF များ ဖမ်းဆီးခံရသည့် ဗိုလ်ကြီးအောင်ဖြိုးသိန်းနှင့် လုယက်ယူငင်ခံရသည့် ပစ္စည်းများမြင်ကွင်း
၂၉. ၉. ၂၀၂၃
Written by Nay Moe
တပ်မတော်စစ်ဆေးရုံမှ ဗိုလ်ကြီးတစ်ဦး နေအိမ်သို့ပြန်လာစဥ် BlackFalcon Guerrilla Forces PDF အဖွဲ့က ဝင်ရောက်ဖမ်းဆီးကာ ပစ္စည်းများပါ သိမ်းယူမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ဖြစ်စဥ်မှာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ အမှတ် (၂) တပ်မတော်ဆေးရုံမှ ကြည်း ကိုယ်ပိုင်နံပါတ် (၅၁… ) ဗိုလ်ကြီးအောင်ဖြိုးသိန်းအား BlackFalcon Guerrilla Forces အဖွဲ့က ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ၎င်း၏နေအိမ်သို့ပြန်လည်ရောက်ရှိလာစဥ် ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု သိရသည်။
ထို့အတူ ဟွန်ဒိုင်းအမျိုးစားအိမ်စီးကားနှင့် လက်ကိုင်ဖုန်းနှစ်လုံး၊ လက်တော့တစ်လုံးတို့ကိုပါ လုယက်သွားကာ အဆိုပါလုယက်သွားသည့် ပစ္စည်းများနှင့် ဗိုလ်ကြီးအောင်ဖြိုးသိန်းကို မုံရွာမြို့နယ် ပကဖထံ အပ်နှံလိုက်သည်ဟုလည်း Black Falcon Guerrilla Force အဖွဲ့က ပြောသည်။
ပုံစာ။ PDF များ ဖမ်းဆီးခံရသည့် ဗိုလ်ကြီးအောင်ဖြိုးသိန်းနှင့်လုယက်ယူငင်ခံရသည့် ပစ္စည်းများမြင်ကွင်း


