MT News
Written by Nay Moe
ရေးမြို့လယ်က မြဝတီဘဏ်ကို ရေးဘီလူး PDF အဖွဲ့က ဒီနေ့လယ် ၁၂ နာရီ ၃၇ မိနစ်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်ကပဲ သတင်းတပ်ဖွဲ့ကရဲအုပ်မြင့်လွင်ကို သတ်ဖြတ်ထားတဲ့ ရေးဘီလူးအဖွဲ့က ဒီနေ့ သူတို့ရဲ့တိုက်ခိုက်မှုမှာ တပ်သားနဲ့ ပြည်သူ့စစ်ငါးဦးသတ်ဖြတ်ခဲ့တယ်လို့ပြောပေမဲ့လည်း အမှန်တကယ်တော့ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး အရပ်သားဝန်ထမ်းတစ်ဦးကျည်ထိတာလို့လည်း သိရပါတယ်။
ရုပ်သံမြင်ကွင်းမှာလည်း ရေးဘီလူးအဖွဲ့က PDF နှစ်ယောက်ဟာ မြဝတီဘဏ်အောက်ထပ်နဲ့ အပေါ်ထပ်ကို M4 ကိုယ်စီကိုင်ပြီး ၁၅ စက္ကန့်လောက် စိတ်ကြိုက်ပစ်ခတ်ပြီး ချက်ခြင်းထွက်ပြေးခဲ့တာ မြင်ရပါတယ်။
ရေးမြို့လယ်က မြဝတီဘဏ်ကို ရေးဘီလူးအဖွဲ့ လာရောက်ပစ်ခတ်တာနဲ့ပတ်သက်တဲ့ ကနဦးသတင်းကို MT News က ဖော်ပြထားပြီး အောက်ပါလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
