MT News
Written by Nyein Kyaw
မှတ်ပုံတင်ထားခြင်းမရှိသည့် SIM Card များ ရောင်းချသည့် မိုဘိုင်းအော်ပရေတာများနှင့် အရောင်းကိုယ်စားလှယ်များအား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၇၂ အရ ထောင်ဒဏ်ခြောက်လအထိ ချမှတ်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၁၈/၂၀၂၃) ဖြင့် ထုတ်ပြန်ထားသည်။
မည်သူမဆို Customer Registration ညွှန်ကြားချက်နှင့်အညီ မှတ်ပုံတင်ထားသည့် SIM Card ကို တစ်ဆင့်လွှဲပြောင်းရာတွင် ရယူအသုံးပြုသူ၏ အချက်အလက်အမှန်ဖြင့် Customer Registration ညွှန်ကြားချက်နှင့်အညီ ပြန်လည်မှတ်ပုံ တင်ရမည်ဖြစ်သည်။
မည်သူမဆို အထက်ပါ သတ်မှတ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း စိစစ်တွေ့ရှိရပါက ဆက်သွယ်ရေးပုဒ်မ ၇၂ အရ အရေးယူခြင်းခံရမည်ဖြစ်သည်။
ဆက်သွယ်ရေးပုဒ်မ ၇၂ တွင် ပြဋ္ဌာန်းထားချက်အရ မည်သူမဆို ဥပဒေအရထုတ်ပြန်သည့် နည်းပဒေများ၊ စည်းမျဉ်း၊ စည်း ကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်သည်။


