◾ စက်တင်ဘာ ၃ ရက်မှာ မွန်ဂိုလီးယားနဲ့ Grand Final ယှဥ်ပြိုင်ရမယ် သိရ
၃၁. ၈. ၂၀၂၃
Written by Thettant
ဩဂုတ် ၃၀ ရက်မှာ ယှဥ်ပြိုင်ခဲ့တဲ့ Playoffs Stage ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Upper Bracket Final မှာတော့ Team Myanmar အနေနဲ့ Team Kyrgyzstan ကို 2-1 ဆိုတဲ့ ရလာဒ်နဲ့ အနိုင်ရရှိကာ Grand Final ကိုတက်ရောက်သွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။
Team Myanmar အနေနဲ့ Game 1 မှာတော့ အမြဲ Pick နေကြ PA,Oracle တို့နဲ့အတူ Young PH ရဲ့ Kunkka mid တို့နဲ့အတူပွဲထွက်လာခဲ့တာပဲဖြစ်ပါတယ်။Team Kyrgyzstan အနေနဲ့ KSH PA ကို Early Game နဲ့ Mid Game မှာဖိအားပေးနိုင်ခဲ့သော်လည်း KSH ရဲ့ပုံစံဖြစ်တဲ့ BKB ရတာနဲ့ချတတ်တဲ့ Double Rampage PA နဲ့အတူ Game 1 ကိုအနိုင်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
Game 2 မှာတော့ Team Kyrgyzstan အနေနဲ့ အကောင်းဆုံးပုံစံနဲ့ ပြန်လည်ဖိအားပေးပြီး Final အတွက်အကြိတ်အနယ်တိုက်ပွဲဝင်ခဲ့တာကြောင့် Game 2 ကိုတော့ Team Kyrgyzstan က ပြန်လည်အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ နောက်ဆုံး Game 3 မှာတော့ Team Myanmar အနေနဲ့အမှားမခံတော့ဘဲ Skill Lay Earthspirit, Young PH Lesch နဲ့အတူ KSH Void ရဲ့ 3 Men Chrono တွေကပဲ Team Kyrgyzstan ကို Lower ကို ဆင်းစေခဲ့တာပဲဖြစ်ပါတယ်။
ဒီပွဲအနိုင်ရရှိခဲ့တာကြောင့် စက်တင်ဘာ ၃ ရက်နေ့မှာတော့ Team Myanmar အနေနဲ့ Grand Final ပွဲစဉ်ကို Team Mongolia ဆက်လက်ယှဉ်ပြိုင်သွားရမှာပဲဖြစ်ပါတယ်။

“ကျွန်တော်တို့ Team Myanmar အနေနဲ့ နိုင်ငံပေါင်း ၁၁၄ နိုင်ငံ ပါဝင်ယှဉ်ပြိုင်တဲ့ World Esports Championships ပြိုင်ပွဲကြီးမှာ Grand Finalအဆင့်ကိုတက်ရောက်သွားပါပြီ”လို့ မြန်မာကိုယ်စားပြုယှဥ်ပြိုင်နေတဲ့ Yangon Glacticos က Skill Lay က အားပေးနေတဲ့ပြည်သူတွေကို အသိပေးထားပါတယ်။
ရိုမေးနီးယားနိုင်ငံမှာ ကျင်းပနေတဲ့ IESF World Championship 2023 ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းက အမေရိကန်ကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်လာခဲ့တာဖြစ်သလို ဩဂုတ် ၂၉ ရက်ညနေ ငါးနာရီမှာ ဂျော်ဒန်အသင်းနဲ့ ယှဥ်ပြိုင်ခဲ့တဲ့ Upper Bracket Semi-Final ပွဲစဥ်မှာလည်း ဒေသတွင်းယှဥ်ပြိုင်ချိန် အနိုင်ရခဲ့တဲ့ ဂျော်ဒန်ကို ၂- ၀ နဲ့ အနိုင်ယူခဲ့တာပါ။ ဒါ့အပြင် ဩဂုတ် ၃၀ ရက်မှာ ယှဥ်ပြိုင်ခဲ့တဲ့ Playoffs Stage ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Upper Bracket Final မှာတော့ Team Myanmar အနေနဲ့ Team Kyrgyzstan ကို 2-1 ဆိုတဲ့ ရလာဒ်နဲ့ အနိုင်ရရှိကာ Grand Final ကိုတက်ရောက်သွားနိုင်ခဲ့ပြီပဲဖြစ်တယ်လို့ မြန်မာကိုယ်စားပြု Esports ပြိုင်ပွဲတွေ ဖော်ပြထုတ်လွှင့်ပေးနေတဲ့ The Regional မှာ ဖော်ပြထားပါတယ်။
IESF World Championship 2023 ပြိုင်ပွဲအတွက် Dota-2 National Qualifier အဆင့်မှာ Yangon Galacticos အသင်းဟာ The Immortal ကို အနိုင်ရခဲ့တာလည်းဖြစ်ပြီး မြန်မာကိုယ်စားပြု ဒီ Yangon Galacticos Dota 2 eSports အသင်းမှာတော့ Zaw Rain၊ Skill Lay၊ KSH၊ Young PH နဲ့ Show T တို့ ပါဝင်နေပါတယ်။
News & Photo Credit; The Regional၊ Skill Lay၊ Yangon

